ep (2)

455 76 2
                                    


နီရှီမူရာကို ကင်ဆောနူ စတွေ့ခဲ့တာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဖြစ်မည်

အဲ့တုန်းက ဆောနူ အထက်တန်းအောင်ပြီးခါစ သတင်းထောက်ပေါက်စ ဘဝ​ဖြစ်သည်

နီရှီမူရာကလည်း တက်သစ်စမင်းသားပေါ့။

အစကတော​့ သာမန်ကာလျှံကာ ဘဲပေါ့

သူ့ရဲ့ပွဲ ဦးထွက် ဒရမ်မာ you are my sunshine ရိုက်နေစဥ် ကင်ဆောနူက သတင်းထောက်ရန်သွားတာပေါ့။

အဲ့အချိန်က စပြီး သူ့ရဲ့ Anti စ ဖြစ်လာတယ်လို့ဘဲ ပြောရမယ်

အဲ့နေ့ကထိုဇာတ်ကားထဲ မင်းသမီးက အိမ်ထောင်ပြုတော့မည်ဟု သတင်းထွက်ထား၍ သတင်းထောက်တွေက သာမနိထက်ပိုပြီး များခဲ့၏

ကင်ဆောနူ ဆိုတာကလည်း ရှေ့ဆုံးက ကားယားယား ရောက်ခဲ့တာပေါ​့

ရှေ့ဆုံးကရောက်ပြီး ထိုင်နေတဲ့ မင်းသား နဲ့ မင်းသမီးကို ရှယ်အင်တာဗျူးတော့မည်ဟုတွေးလိုက်ပေမယ့် ကင်ဆောနူဘဝဟာ မအေးအေးဝင်စီစဥ်သည်မဟုတ်ခဲ့ပါ

သောက်စည်းကမ်းမရှိတဲ့ သူက ပြစ်ထားသည့် ငှက်ပျောခွံကြီးကြောင့် မင်းသမီးရှေ့ ရောကခါနီး ပြစ်လဲခဲ့တာပေါ့.

မင်းသမီးအား ဗျူးရမယ့်အစား စပ်စုစိန်သတင်းထောက်တွေက သူ့အား အလှဓာတ်ပုံလေးတွေ လာရိုက်ပေးကြပါတယ်

ပတ်ဆောင်းဟွန်း ဆိုတဲ့ အမျိုးတုံးလေးက ရှေ့ဆုံးကပေါ့

ထည့်မပြောချင်ပါဘူး လဲကျနေသည့် ကင်ဆောနူအား ပြူးပြူးကြီးကြည့်နေသည့် နီရှီမူရာအကြောင်းကို။

တကယ်ကို အံ့သြသွားတာ

သူသာ လာထူပေးရင် သူလက်ကျိုးမှာကျနေတာဘဲ

သူက ကင်ဆောနူကို ကြည့်ပြီး မကြာဘူး

ဟိုးနောက်ထဲ ဝင်သွားတာပေါ့။

အရမ်းအံ့သြပြီး ကူညီချင်စိတ်မရှိတဲ့ လူ့ဂွစာလို့ စတင်အမည်တပ်လိုက်ပါတယ်

ထိုအချိန်မှ စ၍ နီရှီမူရာ၏ anti fan စဖြစ်လာတာပေါ့လေ။

ဒါပေမယ့် ကင်ဆောနူက မုန်းလေလေ နီရှီမူရာဆိုတဲ့ ချစ်မွှေးတုံး မုန်းမွှေးရှည်လေးက ပိုအောင်မြင်မြင်လေပါဘဲ

I'm his anti and honey (Complete )Where stories live. Discover now