ep (4)

386 56 0
                                    


" ယားးးး ကင်ဆောနူ မထနိုင်ဘူးလား ''

ပတ်ဆောင်းဟွန်း၏ လော်စပီကာထက် ကျယ်သည့် အသံကြောင့် အမှောင်ကမ္ဘာထဲ ကျရောက်နေသည့်ဆောနူ ၏မျက်လူံးဖျတ်ခနဲ ပွင့်လာ၏

" ဘာလည်း ငါ ဘာဖြစ်သွားတာလည်း ''

မျက်နှာကျက်အဖြူရောင်ကြီးဘဲဒါ ငါ့အိမ်မဟုတ်ဘူးလား

ဘေးသို့စောင်းကြည့်မိတော​့ ဖုန်းကြည့်နေသည့် ပတ်ဆောင်းဟွန်းကို တွေ့ရသည်

"Ya ပတ်ဆောင်းဟွန်း '

" ဟင် ဆောနူ သတိရလာပြီ အန်ကယ်ဂျင် ဆောနူ သတိရလာပြီ ''

" အေး လာပြီ'

ပါးပါးအသံပြဲချက်ကတော​့ အိမ်အောက်ကနေ ပြောတာတောင် အိမ်ပေါ်က နေ အော်သံကျယ်ကြီးအား အတိုင်းသားကြားနေရ၏

ခဏအကြာ ခြေသံကြားရပြီး တံခါးဖွင့်သံအဆုံး ဝင်လာသည့် ပါးပါးဂျင်က လက်ထဲမှာ ဆန်ပြုတ်ပန်းကန်နှင့် ဆောနူဆီဘေးလာကာ ထိုင်၏

" ပါးပါး ကျွနိတော် ဘာဖြစ်သွားတာလည်း ''

" လမ်းလယ်ခေါင်မှာ ကားယားယားရပ်နေပြီးမေ့လဲသွားတာတဲ့ ကင်ဆောနူ အတော် ယားနေတာလား ''

" ဘာတွေပြောနေတာလည်း '

မှတ်မှတ်ရရ ကားရှေ့မှာ ကင်ဆောနူ မတ်တပ်ကြီးသေပြီး အတွေးများနေခဲ့သည်
အဲ့အချိန် မေ့လဲကျသွားတော့ တစ်ယောက်ယောက်က လာထိန်းပေးသည်

" ပါးပါး ဆောနူကို အိမ်ထိ ဘယ်သူလာပို့တာလည်း ''

" မသိဘူး လူခေါ်ခေါင်းလောင်းသံကြားလို့ ငါထွက်ကြည့်တော့ မင်းက အိမ်တံခါးမှ မှီလဲနေတာ စာတစ်စောင်ထားသွားတယ် လမ်းလယ်ခေါင်မှာ မေ့လဲသွားလို့ ခေါ်လာတာတဲ့ ပြီးတော့ ကားတွေ ဂရုစိုက်တဲ် အံမယ် မင်းရည်းစားတွေများရနေတာလား ''

" ဟင် ''

" အဲ့ဒါတော့လုံးဝမဖြစ်နိုင်ဘူး အန်ကယ်ဂျင် ဆောနူကို ကြိုက်တဲ့သူ ဒီတစ်သက်မရှိလောက်ဘူး ''

အမျ်ုးတုံးလေး ပတ်ဆောင်းဟွန်း ဆိုတာ ကင်ဆောနူရဲ့ဂုဏ်ကို အဲ့လိုလေး တင်ပေးလိုက်ရမှ

I'm his anti and honey (Complete )Where stories live. Discover now