ep (6)

317 56 2
                                    


" အီးဟီးဟီး ပါးပါးဂျင် ပါးပါးဂျွန်း ကယ်ပါအူံး အဟင့် ''

ရုတ်တရပ် အိပ်ယာမှ ထထိုင်ကာ ငိုလာသူကြောင်​့ နမ်ဂျွန်းကော ဆော့ဂျင်ပါ လန့်သွား၏

သားငယ်လေးအားကြည့်မိတော့
မျက်နှာမှာ ဒဏ်ရာပလပွ အိပ်နေရာမှ ထလာ၍ ဆံပင်က ပွယောင်းနေသည်မှာ အုန်းဆံမွှေးတွေကျလို့

မျက်ရည်တွေကလည့း ပေါက်ပေါက်ကျ နှာရည်တွေကလည်း တစက်စက်ကျ လိုက် တရှုံ့ရှုံ့လုပ်လိုက် အကျီနှင့်သုတ်လိုက်နှင့်

သြော် ရှက်လိုက်တာကင်ဆော့ဂျင်လို wwh ကြီးရဲ့သားလို့ပြောရမှာ

" ya အဲ့ဒါ ဘာဖြစ်နေတာ '

" အင်းလေ ဆောနူကလည်း ဘာဖြစ်တာ တုန်း '

ပါးပါးဂျင်နှင့်ပါးပါးဂျွန်းက အတင်းမေးလာတော့ ဆောနူက တစ်ချက်ရှုံ့ရင်း

" ပါးပါးတို့ချစ်တဲ့သားလေး ဆောနူတော့ သေပြီ အဟင့် ပျားအုံကို တုတ်နဲ့ ထိုးမိသွားပါပြီ အီးဟီးဟီး '

ဟာ အသံပြဲကြီးနဲ့ ငိုနေလိုက်တာ

" အခုချက်ချင်း တိတ်စမ်း လှတာလည်း မဟူတ်ဘဲ '

" အင့် ''

​ကင်ဆော့ဂျင်၏ high note အဆူံး ကင်ဆောနူ ပါးစပ် တိခနဲ ပိတ်သွား၏
ငါ တကယ်ကို အိမ်တွင်းအကြမ်းဖက်ခံနေရတာ

" မနေ့က ဇာတ်လမ်းမိတ်ဆက်ပွဲမှာ အဟင့် နီရှီမူရာရဲ့ မန်နေဂျာ အီသန်နဲ့ ရန်ဖြစ်တာ အဲ့ဒါ အဲ့သွားတိုက်ဆေးဦးလေးကြီး လက်ကျိုးသွားတယ်တဲ့ အ့ ပါးပါးနာတယ်လို့ '

ရန်ဖြစ်သည်ဆိုသည့် ကင်ဆောနူ၏ စကားအဆုံး ဂျင်ရဲ့နဂါးမျက်စောင်းက ငိုနေသည့်ဆောနူဆီ ဒိုင်းခနဲ။ ထို့အတူ ကင်ဆောနူ၏ ကျောပြင်ကြီးဆီရောက်သွားသည့်လက်ဝါး
ကလည်း ဖြောင်းခနဲ

"အဲ့တော့ ငါက အဲ့သွားတိုက်ဆေးကြီးအတွက် ဆေးဖိုးလျော်ရမှာလား ''

"ဆေးဖိုးလေးလျော်ရယုံနဲ့တော့ ဆောနူက ဒီလောက်ထိ ငိုပါ့မလား ဆေးဖိူးလောက်ကတော့ အဟင့် ဆောနူ နာရီလေးဘာလေးရောင်းပေးရင်ရတာဘဲ အဟင့် '

" ကင်ဆောနူ လိုရင်းကိုပြောစမ်း ငါစိတ်မရှည်ဘူးနော် ငါ​့အကြောင်းသိတယ်မလား'

I'm his anti and honey (Complete )Where stories live. Discover now