ep (26)

223 30 0
                                    


ရှင်းဂျယ်ယွန်းနှင့် နီရှီမူရာ၏ dating new

ရိုက်ကူးရေး၌ ရုတ်တရပ်မေ့လဲသွားသူရှင်းဂျယ်ယွန်းအား နီရှီမူရာက ပွေ့ကာ ခေါ်ဆောင်သွားသည့် videoသည် လိုင်းပေါ်၌ ပျံ့နှံ့နေကာ နှစ်ယောက်က ချစ်သူတွေလား ဟူသည့် မေးခွန်းတွေ သူတို့နှစ်ယောက် date နေပြီဆိုသည့် သတင်းတွေ ဆက်တိုက်ဆိုသလို တက်နေခဲ့ပါပြီ

ဒုန်း

" နားခါးလွန်းလို့ ပိတ်ပေးကြပါ ''

တီဗွီမှလာနေသည့် ရှင်းဂျယ်ယွန်း နှင့် နီရှီမူရာ၏ dating newဆိုသည့် အသံသည် အရက်ဆိုင်အတွင်း အရက်ထိုင်သောက်နေသည့် ပတ်ဆောင်းဟွန်းနှင့် ကင်ဆောနူအတွက်တော့ အလွန်ပင်ခါးသက်စေ၏

" အဟင့် ငါ့ဂျယ်ယွနိးနီးလေးက ဟိုနီခီဆိုတဲ့ ကောင်ကြီးနဲ့ date သွားပြီတဲ့ အဟင့် ''

မျက်ရည်ရွှဲ လဲ နှင့် ပတ်ဆောင်းဟွန်း၏ ငိုသံသည်ထွက်ပေါ်လာ၏

" အဟင့် နီရှီမူရာအစုတ်အပြတ် ပြောတော့ ငါ့ကို စိတ်ပူတယ်ဆ်ူ ငါ့ကို ဘဲ ကြည့် ဆိူပြီး ပြောခဲ့တဲ့ကောင်က ဘာလုပ်နေတာလည်း ဘာလို​့ ဘာလို့ ရှင်းဂျယ်ယွန်းကြီး နဲ့ date ရတာလည်း ချစ်မွေးတုံး မုန်းမွှေးရှညိကောင် ငါမှာတော့ ငါ့ကိုချစ်တယ်ထင်ပြီး ရင့တွေခုန်လိူက်ရတာ အဟင့် ငါ့ရဲ့ပထမဆုံးအနမ်းကိုလည်း ယူသွားသေးတယ် အီးဟီးဟီး''

ပတ်ဆောင်းဟွန်းအသံအဆုံး ကင်ဆောနူသည်လည်း မျက်ရည်တွေနဲ့ အော်နေ၏

နှစ်ယောက်လုံးသည် အရက်ဝင်သွားပြီဖြစ်၍ တော်တန်ရုံတော့ထိန်းမရတော့။

ဘေးက အရက်သမားတွေကတော့ သူတို့နှစ်ယောက် ပြောတာတွေကို တစ်ခုမှနားလည်မည်မဟုတ်။

"Ya ကင်ဆောနူ ငါကလေ ငါကလေ ရှင်းဂျယ်ယွန်းကို မတရားချစ်တာကွ အဟင့် ငါ့အချစ်ဦး အချစ်ထူး အီးဟီးဟီး ငါရူးတော့မယ် အ့ အရက်ကလည်း ခါးတူးနေတာဘဲ ယား အရက်ကို မူးအောင်ထုတ်တဲ့ကောင် ထွက်ခဲ့စမ်း ''

ဆောင်းဟွန်းသည် ငိုနေရာမှ အရက်တစ်ခွက်သောက်ရင်း ခါးနေသည့်အရက်က်ုတောက်ရန်ရှာလာတော့၏

ကင်ဆောနူကကော တားမည်ထင်သလား

" ဟုတ်တယ် အရက်ကိုခါးအောင်ထုတ်တဲ့ကောင်တွေ ကျပ်ကိုမပြည့်ဘူး ယား ဘယ်ကောင် အရက်ခါးထုတ်တာလည်း ရှင့းဂျယ်ယွန်း နဲ့ နီရှီမူရာ date နေလို့ ငါလူသတ်ချင်နေတာနော် ထွက်ခဲ့စမ်း အား အဟင့် ''

I'm his anti and honey (Complete )Where stories live. Discover now