ep (22)

214 34 2
                                    


ကင်ဆောနူဟာ နီရှီမူရာ၏ anti fan တစ်ယောက်။

အခု မျက်စိတစ်မှိတ်လေးအတွင်း ဘာတွေဖြစ်ခဲ့တာလည်း

ကင်ဆောနူ၏ နှုတ်ခမ်းတွေဆီ တိုးလာခဲ့သည့် နီရှီမူရာ၏ နှုတ်ခမ်းတွေ။..

အိမ်မက်တစ်ခုလို့ထင်ခဲ့ပေမယ့် တဒိတ်ဒိတ်နှင့် အခုန်မြန်နေသည့် နှလုံးခုန်သံသည် အိမ်မက်မဟုတ်ပါကြောင်း ပြောနေခဲ့၏

ကင်ဆောနူ၏ နှုတ်ခမ်းပေါ်ကျရောက်လာခဲ့သည့်နီရှီမူရာ၏ နှုတ်ခမ်း

နမ်းလိုက်သည်ဆိုသည့် စကားလုံးလေးနှင့်တင် ရင်တွေပိုခုန်လာရသလို နူးညံ့လွန်းသည့်
အထိအတွေ့တစ်ခုကလည်း သာယာစရာပင်။
.
ကင်ဆောနူ သူစိမ်းယောကျ်ားလေးဆီမှ ရဖူးသည့် ပထမဆုံးအနမ်း။

ပထမဆုံးရင်ခုန်သံ။ ဘာလို့ ကင်ဆောနူက သူမုန်းပါတယ် သူအမြင်ကပ်ပါတယ်ဆိုတဲ့မင်းသားကို ရင်တွေခုန်နေရတာလည်း ရူးနေလား

ရင်ခုန်တိုင်းသာအချစ်ဆိုရင် ကင်ဆောနူဟာ နီရှီမူရာကို ချစ်မိနေခဲ့တာလား

အချစ် ရင်ခုန်သံ ဒီလိုအရာတွေနဲ့ စိမ်းသက်သည့် ကင်ဆောနူသည် နီရှီမူရာနှင့်နေရသည့်အချိန်တိုငိး ရင်တွေခုန်နေတတ်တာမျိုးပေါ့။

တခြားသူသာဆိုလည်း ဒီ လိုဘဲ သူစိမ်းယောကျ်ားလေးတွေနဲ့ အတူနေရတဲ့အခါ ရင်ခုန်လား

ကင်ဆောနူရဲ့ မရိုးမယွခံစားချက့တွေက သမရိုးကျခံစားချက်တစ်ခုလ်ုဘဲ ခေါင်းစဥ်တပ်ရမှာလား

တစ်ညလုံးလည်း အိပ်မပျော်။ ပါးတွေက ပူထူပြီး ရင်တွေက အခုန်မြန်နေဆဲ။

နီရှီမူရာ၏ နှုတ်ခမ်းအထိအတွေ့သည် အခုထိ ကင်ဆောနူ၏ နှုတ်ခမ်းတွေ၌ စွဲကျန်နေဆဲပင်။

ကုတင်ပေါ်၌လူးလိမ့်နေမိ၏ နီရှီမူရာကကော ဘာလို့ ငါ့က်ု နမ်းရတာလည်း မဟုတ်မှ သူလည်း ငါ့ကိုချစ်နေတာလား

မဖြစ်နိုငိတာ ချစ်နေရင် ငါ့ကို ဘာလို့ အမြဲငေါက်ငမိးနေပါ့မလည်း

ဘာလည်း ဘာလို့ ငါကကော နီရှီမူရာနမ်းတာက်ု ငြိမ်ခံနေခဲ့ရတာလည်း

I'm his anti and honey (Complete )Where stories live. Discover now