ep (21)

228 37 2
                                    

ဂျယ်ယွန်းလည်း ဆောင်းဟွန်း၏ တိုက်ခန်းက်ုလိုက်လာလိုက်၏

ပတ်ဆောင်းဟွန်းဟာ တကယ်ဘဲ သူ့ကိူမသိဘူးလား

သိပေမယ့် မသိယောင်ဆောင်ပေးနေသည်လားတော့မပြောတတ်ပါပေ။

ဓာတ်လှေကား နှင့်တက်လာရ၏

အခန်း 101 ဆိုသည့် အခန်းရှေ​​့ passward နှိပ်ရင်း ပတ်ဆောင်းဟွန်းက ဦးဆောင်ကာဝင်သွားခဲ့၏

" လာလေ အရမ်းတော့မကျယ်ပေမယ့် နေလို့တော့ ရပါတယ့် ဟင်း ကျနော် အခန်းမရှင်းထားတော့ နည်းနည်းတော့ရှုပ်တယ် 'i

နည်းနညိးမက အတော်လေးကို ရှုပ်ပွနေတာ အဝတ်အစားတွေရေဘူးတွေ မုန့်ခွံတွေ ခေါက်ဆွဲဘူးခွံတွေဧည့်ခန်း၌ ပျံ့ကျဲနေလေ၏

" ထိုင်ပါ ''

" အာ ''

ဧည့်ခန်းက ဆိုဖာပေါ်၌လည်း အဝတ်အစားတွေပုံတင်ထား၏
ပတ်ဆောင်းဟွန်းက ထိုအဝတ်အစားတွေအား ယူကာ ကြမ်းပြင်ပေါ်ပြစ်ချလိုက်၏

ဆိုဖာခုံပေါ်တော့ ရှင်းလင်းသွားတာပေါ့လေ သို့သော်တစ်ဖက်ကြမ်းပြင်မှာတော့အဝတ်အစားတွေပုံနေလေပြီပေါ့

ပတ်ဆောင်းဟွန်းက အဲ့ဒါတွေလည်း တွေးသည့်ပုံမပေါ်။ သူသိတာဆိုလို့ ဂျယ်ယွန်း ဆိုဖာပေါ်သက်တောင့်သက်သာထိုင်ရဖို့ဘဲ တွေးနေပူံပေါ်၏

" ခင်ဗျား တစ်ခုခုစားမလား ရေသောက်မလား''

ထိုလူသားကခေါင်းရမ်းပြလာ၏ ဟုတ်သား သူ့ရဲ့mask တွေဖယ်ချင်မည်မဟုတ်ပေ။

" အာ အဲ့ဒါဆို ကျွန်တော် ရေသွားသောက်လိုက်အုံးမယ် ''

ထိုလူသားက ခေါင်းငြိမ့်ပြလာ၍ ဆောင်းဟွန်း မီးဖိုချောင်ထဲဝင်လာခဲ့တော့၏

အပြင်က ဂျယ်ယွန်းကတော့ တိုက်ခန်းအနှံ့လိုက်ကြည့်နေ၏

ဟင်း ရှင်းဂျယ်ယွန်း fan မှန်းသိသာအောင် ရှင်းဂျယ်ယွန်း ပုံတွေ နံရံမှာအပြည့်။

ရှင်းဂျယ်ယွန်း fan တဲ့

သူ့ဘေးမှာသာ ရှင်းဂျယ်ယွန်းရှိနေရင် ဘယ်လိုများဖြစ်နေမလည်း

I'm his anti and honey (Complete )Where stories live. Discover now