ep (10)

277 40 2
                                    


" ဝါးးးး အိပ်လို့ကောင်းလိုက်တာ '

အိပ်ရေးဝသွား၍ ဆောနူမှာ ကြည်ကြည်လင်လင်လေးနိုးလာရသည်

ဒါပေမယ့် အိပ်ယာက တစ်မျိုးဖြစ်နေသလားလို့ မျက်လုံးအား ဖွင့်လိုက်တော့

ဟင် ကားနောက်ဖုံးကြီးမဟုတ် ဘူးလား

ငါ ငါ ဘယ်ရောက်နေတာလည်း ပြန်ပေးဆွဲခံရတာများလား

ကုန်းရုန်းထလာကာ အခြေအနေတွေအား အကဲခတ်မိတော့

" နိုးပြီလား ငါက သေပြီထင်နေတာ '

ရှေ့ခန်းက နီရှီမူရာ၏ သာယာနာပျော်ဖွယ်အသံ။

ငါ သူ့ကားထဲ ဘယ်လိုရောက်နေတာလည်း

" ya ငါ ဘယ်လိုလုပ် မင်းရဲ့ကားထဲ ရောက်နေတာလည်း မဟုတ်မှ မင်း ငါ့ကိူ ပြန်ပေးဆွဲထားတာလည်း ''

အိပ်ယာထခါစ ဆံပင်ကစုတ်ဖွားနှင့် ထင်ချင်ရာထင် ရန်တွေ့နေသူ။

" မင်းကို ပြန်ပေးဆွဲရင် ငါက ဘာရမှာမို့လည်း မျက်နှာသစ် မနက်စာသွားဝယ် သွား ''

အာဏာပါဝါကြီးနှင့် နီရှီမူရာက ပြောလာ၏ ဘေးက အာပြဲခြောက်ဦးလေးကြီးက အိပ်နေဆဲ။ bodyguard ကျ အဲ့လ်ု အိပ်ချင်သလိူ အိပ်လို့ရတယ်ပေါ့

" ဘာစားမှာလည်း ပြော ''

" အရွက်ကြော်တစ်ခုခုဝယ်ခဲ့ '

" နာမည်ကျော်မင်းသားဖြစ်ပြီး မင်း မွဲများနေသလား ''

ဟုတ်သည်လေ။ အားနေ အသီးအရွက်ဘဲစားနေတာ

" diet ရှိလို့ သွား မြန်မြန်သွားဝယ် ငါ ဗိုက်ဆာနေပြီ '

" အေး ''

ထိုအခါမှ ကင်ဆောနူက ကုန်းရုန်းထကာ ကားနောက်ဖုံးအား ဖွင့်ကာထွက်သွား၏

ဆံပင်စုတ်ဖွားကြီးကိုလည်း မဖြီးသွားသလို မျက်နှာလည်း မသစ် ၊ သွားလည်း မတိုက်သွားခဲ့ပေ။

ကင်ဆောနူက တကယ့် ဗရုတ်သုခလေး။

နီခီ ခေါင်းသာရမ်းမိနေတော့၏

ဒီနေ့ ရိုက်ရမည့် ဇာတ်ညွန်းအချို့အားကြည့်နေလိုက်၏

ထိုအချိန် message ဝင်လာ၏ အမေ့ဆီကဖြစ်သည်

I'm his anti and honey (Complete )Wo Geschichten leben. Entdecke jetzt