ep (20)

240 34 0
                                    

လမ်းမထက်ပြေးလွှားနေသည့် ကျောင်းဝတ်စုံနှင့်ကောင်လေးတစ်ယောက်၏ နောက်က နီခီကလိုက်လာခဲ့၏

" ဆောနူ ပါးပါးဒီမှာ လာခဲ့ ဒီကို ''

တစ်ဖက်ကလူက လမ်းတစ်ဖက်က လှမ်းယက်ကာခေါ်နေ၍ နီခီ့၏ ရှေ့က ကောင်လေးသည်ပျော်သွားကာ တစ်ဖက်လမ်းဆီရောက်ဖို့ပြေးနေ၏

ထိုအချိန်  လမ်းမလယ်ခေါင်မှာ ဆောနူဆီ အရှိန်ပြင်းပြင်း တန်းမတ်စွာလာနေသည့် ကားတစ်စင်း။

လာနေတယ် ကောင်လေးသည် မပြေးဘဲ ကြောင်အနေတယ်

" ယား ယား ကင်ဆောနူ ''

နီခီက ကားရှေ့ဆီ အမြန်​ပြေးသွားခဲ့၏ အရှိန်နှင့်လာနေသော ကားသည် ကင်ဆောနူ၏ အနီးအရောက် နီခီကလည်း ကင်ဆောနူ၏ အနီးရောက်လာကာ တစ်ဖက်သိူ့ အားပါပါတွန်းလိုက်၏

နီခီကိုယ်တိုင်ပြေးဖို့လုပ်ခဲ့ပေမယ့် နီးကပ်လွန်းသည့်ကား၏ အရှိန်အား မထိန်းနိုင်ခဲ့

ကားက တဖြည်းဖြည်းနီးလာ၍နီခီ စိတ်လျှော့ချလိုက်တော့၏
ကား၏ အသံက နီးကပ်လာကာ

ဒုန်းးး

" ကင်ဆောနူ ဘာမှ မဖြစ်စေပါနဲ့ ''

လွင့်စင်သွားသည့် ခန္ဓာကိုယ်

မူးဝေနေစေတဲ့နာကျင်မှု လဲကျသွားမှု။ တစ်ဖက်သို့ ကြည့်မိတော့ ကားနှင့် လွတ်သွားသည့် ကင်ဆောနူသည် မေ့လဲကျနေခဲ့၏

" အားးး ကင်ဆောနူ အဟင့် ''

အသက်ဝင်နေဆဲ အိမ်မက်တွေဆီမှနိုးထလာခဲ့သည်အခါ အရာအားလူံးဟာ လေဟာနယ် ပြန်ဖြစ်သွား၏

နီခီဟာ မောဟိုက်နေခဲ့၏
နီခီ၏ နဖူးမှာ ချွေးစတွေ စီးကျနေခဲ့သလို ပါးမှာလည်း မျက်ရည်စတွေ။

အဲ့ဒီ ဖြစ်ရပ်တွေက မနေ့တနေ့ကလိုမျိုးဘဲ ။

တဆတ်ဆတ်တုန်ရီနေသည့် ခန္ဓာကိုယ်ကြောင့် အားတင်းကာ ထရပ်ရင်း နီခီ ကင်ဆောနူ ၏ အခန်းဆီသွားလိုက်၏

အခနိးတံခါးဖွင့်ကာ အခန်းထဲ ဝင်ကြည့်မိတော့ အိပ်မောကျနေသည့်ကိုယ်ငယ်လေး။

ဟောက်သံသေးသေးလေးတွေပါ ထွက်လာသည်က ဘယ်လောက်တောင်ပင်ပန်းနေပြီ မပြောတတ်ပေ။

I'm his anti and honey (Complete )Where stories live. Discover now