ep(27)

210 33 0
                                    


တနေ့ မင်းသမီးဂျီယောင်း၏ အိမိထောင်ပြုတော့မည်ဟူသည့်သတင်းကြောင့်သတင်းထောက်တွေအများကြီးရောက်လာခဲ့၏

အဲ့ထဲ နီခီသိပ်ကို မြင်ချင်ပါသည်ဆိုတဲ့ ကင်ဆောနူပါဝင်နေခဲ့၏

အထူးတလည်ပြောင်းလဲသွားတာဘာမှမရှိ။ အရင်လိုဝဝကစ်ကစ်လေးနဲ့ ချစ်စရာကောင်းနေတုန်းဘဲ။

နမော်နမဲ့နိုင်လွန်းသည့် ကင်ဆောနူသည့် နိခီ၏ ရှေ့နားလေးတင်မှာပင် ငှက်ပျောခွံတက်နင်းမိရငိး ချော်လဲကျခဲ့၏

ဘေးကနေ စနောက်ကာအလှဓာတ်ပုံတွေ လာရိုက်ပေးနေကြ၍ ကင်ဆောနူ၏ မျက်နှာလေးက ခပ်မဲ့မဲ့ဖြစ်နေပြီ

နီခီ သွားထူချင်ပေမယ့် camera တွေနှင့်အသားမကျသေးသည့် နီခီ နောက်ထဲသာဝင်လာခဲ့၏
.ကင်ဆောနု၏အဓိပ္ပါယ်ဖော်မရသည့် မျက်ဝန်းဝိုင်းဝိုင်းလေးတွေကို လျစ်လျူရှူပြီးတော့ပေါ့။

အနုပညာလောကထဲ နီခီ နာမည်ရလာသည်နှင့်အမျှ ကင်ဆောနူသည်လည်း သတင်းထောက်လောက၌ အခြေကျလာခဲ့ပြီ

နီခိ၏ ရိုကိကူးရေးတိုင်းလိုလို ကင်ဆောနူရှိနေတတ်ပြီ

ပဲရစ်က ပြန်ပြန်လာရင်း fan တွေကြားမှ တိုးခွေ့ရင်းလာမေးသည့် ကင်ဆောနူ၏ မေးခွန်း။

" ကျနော့်ကို မှတ်မိလားတဲ့ ''

မမှတ်မိစရာလား မင်းဆိုတဲ့လူသားလေးကိုကိုယ်က မေ့နိုင်ပါ့မလား

ငှက်ပျောခွံတကိနင်းပြီးချော်လဲတာမှတ်မိတယ်လို့ပြောတော့ ဆူပုတ်သွားလိုက်တာများ ကလေးလေးကျလို့

ပြီးတော​်ကြော်ညာရိုက်ကွင်း၌ အကိုဂျေးနဲ့ ရန်ဖြစ်ကြပုံပေါ်၏

အကိုဂျေးက ကင်ဆောနူအား ဂုတ်မှဆွဲမထား၍ ယက်ကန်ယက်ကန်

နီခီ့အား မြင်သည်နှင့် ကြည့်လာသည့် အသနားခံမျက်ဝန်းလေးတွေ

လွှတ်ပေးလိုက်ပါဟုပြောတော့ ချက်ချင်းပျော်ရွှငိသွားပြီး ကလေးတွေနဲ့တော့ ပြိုင်ရန်မဖြစ်သင့်ပါဘူးပြောတော့ ဆူပုတ်သွားပြန်၏

ကင်ဆောနူက ချစ်ဖို့ကောင်းလွန်းနေခဲ့တာ

ကင်ဆောနူဆိုတဲ့လူသားလေးကို အနီးနားရှိစေချင်လွန်းသည့်နီခီ၏ ဆုတောင်းတွေပြည့်ဖို့ ကံကြမာကဖန်လာ​ေလပြီ

I'm his anti and honey (Complete )जहाँ कहानियाँ रहती हैं। अभी खोजें