ep (7)

328 51 0
                                    


ပတ်ဆောင်းဟွန်းကတော​​့ လက်ထဲ ငွေရှိနေ၍ ဆိုဂျူလေးတွေ ကိုင်ရင်း ကင်ဆောနူနဲ့ ဆိုဂျူအတူသောက်ဖို​့ကင်ဆောနူအိမ်သွားနေပါသည်

ဆောနူက သူ့ရဲ့ဘေးက ရပ်ကွက်မှာနေ၍ အရမ်းကြီးတော့ မဝေးပါ။

ရပ်ကွက်ထိပ်ကိုရောက်လာတော့ ခုံတန်းလေးမှာဟိုတစ်ခါက တွေ့ခဲ့တဲ့ အနက်ရောင်လူသားက ရှိနေပြန်သည်။

ဟင် ဒီနေ့လည်း ဘာလာလုပ်ပြန်ပြီလည်း

အနီးနားသွားကြည့်တော့ ဒီနေ့တော​့ မငိုနေတော့

တစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံ အနက်ရောင် mask မျက်မှန်တွေ ဝတ်ရင်းဖုံးကွယ်ထားပြန်၏ 

ဆောင်းဟွန်းကလည်း သူ့ဘေးကိုသွားထိုင်ချင်နေမိသည်မှာ ဘာလို့မှန်းကိုမသိ။

ဆောင်းဟွန်း သူ့ဘေးရောက်နေတာကို သတိထားမိသွားတဲ့ အနက်ရောင်လူသားက ဆောင်းဟွန်း ဘက်လှည့်လာ၏

" ဒီနေ့ကော ဘာဖြစ်ပြန်ပြီလည်း ခင်ဗျား စိတ်ညစ်နေပြန်ပြီလား ''

ထိုလူသားက ခေါင်းငြိမ့်ပြလာ၏

" တစ်မျိုးတော့ မထင်ပါနဲ့ ခင်ဗျား စကားတော့ '

ထိုလူသားက လက်ကာပြရင်း အိတ်ကပ်ထဲက ဘောပင်တစ်ချောင်း နှင့် စက္ကူတစ်ရွက်ထုတ်လာကာ တစ်ခုခုရေးနေ၏

မကြာဘူး ဆောင်းဟွန်း ဘက် ထိုစာရွက် ထောင်ပြလာ၏

မညီမညာလက်ရေး စုတ်စုတ်က ပတ်ဆောင်းဟွန်းလောက်နီးနီးကိုစုတ်တယ်

" ပြောတတ်ပါတယ် ဒီအတိုင်း မပြောချင်လို့''

မပြောချင်လို့ဆိုဘဲ ဘာကြီးလည်း ထားပါလေ

" ကျတော့်နာမည်က ဆောင်းဟွန်းပါ ခင်ဗျားကကော '

ထိုလူသားက စက္ကူ​ပေါ်စာရေးရင်း​ ပြလာ၏

" ဆောင်းဟွန်း ခေါ်ချင်သလို ခေါ် '

" အာ ဟုတ် ကျတော်တို့တွေ သူငယ်ချင်း လုပ်ကြတာပေါ့ '

ထိုလူသားက ခေါင်းတစ်ချက်ငြိမ့်ပြ၏

" ကျနော်က သတင်းထောက်တစ်ယောက်ပါ ခင်ဗျားကကော ''

I'm his anti and honey (Complete )Where stories live. Discover now