ep (15)

220 38 0
                                    

အိမ်ပြန်နေသည့် ကားလမ်းတစ်လျှောက်တွင်လည်း နီရှီမူရာမင်းသားချောကြီးရဲ့ မျက်နှာက ဆူပုတ်နေ၍ ဆောနူရောဂျေးပါ ဘာလုပ်ရမည်မသိဖြစ်နေ၏

ဒီနီရှီမူရာ ဘာဖြစ်သွားတာလည်းနေ့လယ်
ကလည်း ငါ့ရဲ့နှုတ်ခမ်းထောင့်က ထမင်းလုံးကို လာဖယ်ပေးနေပြီးတော့။

ဒီကောင် ငါသူဆီ့ မကောင်းသတင်း ယူဖို​့ရည်ရွယ်ချက်နဲ့ လာတာကို သိလိုများ အခုလိုလုပ်ရပ်တွေလုပ်နေတာလား

" ကင်ဆောနူ ''

" အင်း ''

ရုတ်တရပ်ကြီး ထခေါ်လာသည့် နီရှီမူရာကြောင့် ဆောနူအယောင်ယောင်အမှားမှားနှင့် ထူးမိသွား၏

" ဟန်နာနဲ့ ဘာလို့ ဒီလောက်ထိ ရင်းရင်းနှီးနှီးနေနေရတာလည်း ''

" ဟင် အာ သူ နဲ့က အရင်ကတည်းက fan meeting တွေမှာ ခဏခဏတွေ့ဖြစ်တယ် အဲ့ဒါကြောင့် ရင်းနှီးနေလို့ပါ ''

" မကြိုက်ဘူး ကင်ဆောနူ နောက်ကို ငါက လွဲ ပြီး ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီးမနေနဲ့ ''

" ဘာ ယား ''

အထက်စီးကလည်း ဆန်ကာ အမိန့်သံနှင့်ပြောလာ၍ ဆောနူ ဒေါသထွက်သွားမိ၏

" ငါ......နားချင်တယ် ''

သူကတော့ ဆောနူဒေါသထွက်နေသည်က်ူ ဂရုမစိုက်တော့ဘဲထိုမျှပြောကာ ကားထိုင်ခုံကို မှီကာ မျက်လူံးမှိတ်သွား၏

ဆောနူ နီရှီမူရာ့အားကြည့်ရင်း သက်ပြင့းသာချမိ၏

ဘာလို့ခဏခဏ ရင်းနှီးသလိုမျိုး လုပ်နေရတာလည်း

ဘာလို့ ခဏခဏ ငါ့အပေါ် ထူးဆန်းတာတွေ လုပ်နေရတာလည်း

ဘာလို့ ခဏခဏ ငါ့ကို ရူးမလို ခံစားရအောင် လုပ်နေရတာလည်း

ကင်ဆောနူက နီရှီမူရာက်ု မရင်းနှီးပါဘဲ နီရှိမူရာက ကင်ဆောနူကို ရင်းနှီးနေရတာလည်း။
.
.

ညစစားဝိုင်းမှာလည်း နီခီက မျက်နှာကြီး ဆူပုတ်ထားဆဲ။

ဂျေး နဲ် အီသန်ကတော့ တစ်ယောက်နဲ့တစ်ယောက် ထူးဆန်းသလို ကြည့်နေကြပေမယ့် ကင်ဆောနူလေးကတော​​့ စိတ်ရှည်မနေတော့ပါဘူးနော်

I'm his anti and honey (Complete )Where stories live. Discover now