ep (11)

238 36 0
                                    


ကင်ဆောနူ အထက်တန်းဒုတိယနှစ်။

ထိုနေ့က ဆောနူ တို့ညနေပိုင်းတစ်ပိုင်းလုံးအားနေ၍ ပတ်ဆောင်းဟွန်း နှင့် ကြက်တောင်ရိုက်နေခဲ့သည်

ပတ်ဆောင်းဟွန်းက ရှုံးသွား၍ ဆောနူအား မကျေမနပ်နှင့်စိတ်ကောက်ကာ အရင်ပြန်သွား၏ အဲ့ကောင်က ရုပ်ချောပေမယ့် စိတ်က အမြဲကောက်ကွေးနေတာဘဲ

ညနေပိုင်း ကျောင်းဆင်းချိန်ကျ ချွေးတွေနှင့် ဖြစ်နေပြီ။ ရေချိူးချင်လှပါပြီဆို ပါးပါးနှစ်ယောက်လုံးက လာမကြိုသေးပေ။

ငါးမိနစ်လောက်စောင့်ပေမယ့်ရောက်မလာတာကြောင့် ကိုယ့်ဘာသာ busကားစီးပြီး ပြန်လာခဲ့၏

ရပ်ကွက်ထဲ ရောက်သည်နှင့် အိမ်ရောက်ဖို့ပြေးလာခဲ့၏

" ဆောနူ ပါးပါးဒီမှာ လာခဲ့ ဒီကို ''

ပါးပါးဂျင်က လမ်းတစ်ဖက်က လှမ်းယက်ကာခေါ်နေ၍ ဆောနူပျော်သွားကာ တစ်ဖက်လမ်းဆီရောက်ဖို့ပြေးလိုက်၏

ထိုအချိန် 
လမ်းမလယ်ခေါင်မှာ ဆောနူဆီ အရှိန်ပြင်းပြင်း တန်းမတ်စွာလာနေသည့် ကားတစ်စင်း။

လာနေတယ် ကင်ဆောနူက မပြေးဘဲ ကြောင်အနေတယ် ကားက တဖြည်းဖြည်းနီးလာ၍ ဆောနူမျက်လုံးအား ခပ်တင်းတင်းမှိတ်မိ၏

ကား၏ အသံက နီးကပ်လာကာ

ဒုန်းးး

အော်သံအဆုံး လွင့်သွားသည့် ကင်ဆောနူ၏ ခန္ဓကိုယ်။

ပြန်နိုးလာတော့ ကားက ဘရိတ်အုပ်နိုင်လိုက်ပြီး ကင်ဆောနူက ကားပွတ်မိယုံသာဖြစ်နေခဲ့တယ်တဲ့လေ။

" ကင်ဆောနူ အဆင်ပြေရဲ့လား ''

ခပ်တိုးတိုးအသံလှိုင်းလေး နှင့်အတူ ကင်ဆောနူဟာ ပြင်ပလောကနှင့် အဆက်အသွယ်ရလာ၏

မျက်လုံးအား ခပ်ဖြေးဖြေးဖွင့်မိတော့ မြင်ကွင်းထဲပေါ်လာသည့် နီရှီမူရာ

" နိုးလာပြီလား အဆင်ပြေရဲ့လား ''

" ဟင် အင်း အဆင်ပြေတယ် ''

နီရှီမူရာရဲ့ မျက်ဝန်းတွေက အဓပ္ပါယ်ဖော်ရခက်လွန်းနေ၏

စိတ်ပူနေသည့်မျက်ဝန်းတွေ ၊ စိုးရိမ်နေတဲ့မျက်ဝန်းတွေလိုမျိုး၊

I'm his anti and honey (Complete )Where stories live. Discover now