ep (29)

224 31 0
                                    

ယနေ့သည် မကြာခင်အချိန်အတွင်း ရိုက်ကူးတော့မည့် 'stay with me'' ဇာတ်လမ်းနှင့် ပတ်သတ်၍ အင်တာဗျူး အစီအစဥ်ပြုလုပ်မည်ဖြစ်၏

မင်းသားနီရှီမူရာကိူ ခေါင်းဆောင်အဖြစ်တင်ရန်ရွေးချယ်ခဲ့ပြီး အခြား ကိုရီးယား၏ဝါရင့်သရုပ်ဆောင်များလည်း ပါသေး၏

Mc နှစ်ယောက်နှင့် နီရှီမုရာအပြင် အခြား သရုပ်ဆောင်များ ထိုင်နေကာ အမေးအဖြေအစီအစဥ်အား တိုက်ရိုက်လွင့်နေကြ၏

" ဒါရိုက်တာဂျော်နီရိုက်ကူးမယ့် stay with me
ဇာတ်လမ်းက ဘယ်လိုအမျိုးအစားလေးဖြစ်မလည်း ''

" action romance drama ပုံစံလေးပါ ဇာတ်လမ်းအကျဥ်းကိုတော​့ ဇာတ်ကားရိုက်ပြီးမှ ကြည့်တော့ပေါ့နော် ဟင်း ''

ထို့နောက် အနုပညာရှင်တွေနဲ့မေးလိုက်ဖြေလိုက် ရယ်လိုက်မောလိုက်ပေါ့။

ဆောနူသည်လည်း mc တွေမေးသမျှဖြေကာ ရယ်မောနေသည့် နီရှီမူရာအား ကြည့်ရင်း ပြုံးနေမိ၏

ကင်ဆောနူရဲ့ အချစ်ဇာတ်လမ်း​က ရိုးရှင်းတာတော့မဟုတ်ခဲ့ပေ။

Anti fanတစ်ယောက်ရဲ့​ဖြစ်တည်မှု နဲ့အတူ ကင်ဆောနူသဘောကျတဲ့မင်းသားကလည်း ကင်ဆောနူ မုန်းပါတယ်ဆိုတဲ့မင်းသားတဲ့လေ။

ဒါပေမယ့် ကင်မရာတွေရှေ့က နိရှီမူရာက်ူ မုန်းပြီး ကင်မရာနောက်ကွယ်ကနီရှီမူရာရဲ့ ပုံရိပ်မှန်ကိုတော့ ကင်ဆောနူဟာ သဘောကျခဲ့တာဖြစ်နိုင်ပါသည်။

အင်း အချစ်ဇာတ်လမ်းလေးက ရိုးရှင်းမှု မရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက် သဘောကျတယ် ရင်ခုန်တယ်ဆိူတဲ့စိတ်ကလေးကတော​့ရိုးရိုးရှင်းရှင်းခံစားချက်ပုံစံလေးပါဘဲ။

" နီရှီမူရာကကော ဇာတ်လမ်းအတွက် ဘယ်လိုတွေပြင်ဆင်ထားသေးလည်း '

" ကျနော်သေချာပြင်ဆင်ထားပါတယ် ပြီးတော့ စိတ်မပျက်ရအောင်အကောင့းဆူံး ကြိုးစားသွားမှာပါ ''

" ရေးးး ''

' ဖြောင်း ဖြောင်း ဖြောင်း ''

နီရှီမူရာ၏ စကားကြောင့် ရိုက်ကူးရေးအဖွဲ့သားတွေကော ဘေးက အနုပညာရှင်တွေရော ကင်ဆောနူပါ လက်ခုတ်တွေတီးပေးကြ ကာအော်ဟစ်အားပေးနေကြ၏

I'm his anti and honey (Complete )Where stories live. Discover now