အပိုင်း - ၉

En başından başla
                                    

"ကျက်သ‌ရေမရှိတဲ့..မင်းရဲ့ရှစ်ခေါက်ချိုးမျက်နှာကို အခုချက်ချင်း..ပြင်လိုက်စမ်း"

ထိုအခါ အပြောခံလိုက်ရသည့်လူငယ်က သူ၏နဖူးပေါ်၌ ဝဲကျနေသော ရွှေအိုရောင်ဆံပင်များကို တစ်ချက်သပ်တင်ရင်း စားပွဲပေါ်သို့ ကော်ဖီခွက်ကို အသံမြည်အောင် ပစ်ချလာသည်။အပြုံးလေးနှင့်လူငယ်က ထိုအပြုအမူကြောင့် တစ်ချက်မျှ အပြုံးမပျက်သွားသည့်အပြင် ယူဆောင်လာသည့် စာအုပ်ထူထူကိုပါထုတ်၍ အေးဆေးဖတ်နေလိုက်သေးသည်။

"‌ဟန်ဆောင်မျက်နှာကြီးနဲ့..ကြည့်မကောင်းလိုက်တာ"

နှာခေါင်းရှုံ့ရင်း ခနဲ့လာသော ရွှေအိုရောင်ဆံပင်နှင့်လူငယ်၏စကားအဆုံး၌ အရှေ့ရှိလူငယ်၏အပြုံးမှာ ပိုမိုပီပြင်သွား၏။

"Oh..မနာလိုနေတဲ့ သခင်လေးတစ်ယောက်ရှိနေပါ့လား..ဒါဆို ဒီဟန်ဆောင်မျက်နှာက..ကြည့်ကောင်းရဲ့လားဆိုတာ..ဒီဆိုင်မှာရှိတဲ့ ကြိုက်တဲ့လူတစ်ယောက်ကို ခေါ်မေးကြည့်လိုက်ကြမလား?.."ဟု ထိုလူငယ်က မြူးကြွစွာ ပြောဆိုလာပြီးနောက် လက်ထဲရှိ ဖတ်လက်စ စာအုပ်ထူထူကြီးကို အသာပိတ်လိုက်ပြီး အရှေ့ရှိလူငယ်အား ကျီစားဟန် မျက်လုံးတစ်ဖက် မှိတ်ပြလေသည်။

ထို့နောက် စုစုရုံးရုံးဖြစ်နေသော ဝန်ထမ်းများဘက်သို့ ခေါင်းလှည့်လိုက်ကာ ဆိုင်ဝန်ထမ်းတစ်ယောက်ကို လှမ်းခေါ်ရန်ပြင်လိုက်သည်။ရွှေအိုရောင်ဆံပင်နှင့်လူငယ်မှာတော့ စိတ်လေသည့် သဘောဖြင့် မျက်လုံးကို အပေါ်ဝေ့ပြလိုက်ကာ အပြင်ဘက်ရှိမိုးများကိုသာ ခေါင်းလှည့်ကြည့်နေတော့သည်။

သူတို့နှစ်ယောက်သည် အစောကြီးကတည်းက ဆိုင်ထဲရှိ လူတိုင်း၏မျက်စိကျခြင်းကို ခံနေရကာ ထိုလူငယ်လေးက ဝန်ထမ်းတစ်ယောက်ကို ခေါ်လိုက်သည်နှင့် ဝန်ထမ်းများကလည်း အလုအယက် သူသွားမည်ငါသွားမည် ဖြစ်ကုန်ကြသလို စားသုံးသူများကလည်း ယခုအချိန်တွင် ဆိုင်ဝန်ထမ်းဖြစ်ရလျှင် ဘယ်လောက်ကောင်းမလဲဟူသည့် မနာလိုအတွေးများ တွေးကုန်ကြတော့သည်။

ထိုသို့ဖြစ်သည်ကို လူငယ်လေးက မသိမသာ ရယ်လိုက်ရင်း သူ့အတွက်ကြောင့်နှင့် ရန်ပွဲများ မဖြစ်စေရန် တွေ့ရာဝန်ထမ်းလေးတစ်ယောက်ကိုသာ လက်ညှိုးထိုးပြီး ခေါ်လိုက်လေသည်။လက်ညှိုးထိုးခံရသည့်ဝန်ထမ်းမှာလည်း ဘီလီယံနာ သူဌေးဖြစ်သွားရသလိုလို မျက်နှာမျိုးဖြင့် ထိုဝိုင်းနားကို အမြန်ရောက်လာတော့၏။

မှိုင်းဟန်မြခေတ် {Hiatus}Hikayelerin yaşadığı yer. Şimdi keşfedin