အပိုင်း ၁၈၁ မှ ၁၈၅

581 43 0
                                    

ဗီလိန်တစ်ဦး၏ ကံကြမ္မာ

အပိုင်း (၁၈၁)

ဘာသာပြန်.လင်းသန့်

"ခရက် ခရက်"

"အား"

လုံထန်၏လက်များမှာ ကျိုးကြေနေခဲ့ပြီဖြစ်သည်။သူ၏မျက်နှာက ဒေါသကြောင့်  အနီရောင်ပြောင်းနေသော်လည်း ဂူချန်းဂျီပြုသမျှအား ကာကွယ်နိုင်စွမ်းတော့ မရှိတော့ချေ။

လူတိုင်း၏မျက်လုံးထဲတွင် ဂူချန်းဂျီသည် ရေနစ်နေသောခွေးတစ်ကောင်ကို မတင်ပေးနေသကဲ့သို့ ဖြစ်နေသည်။

"အရှင်လုံထန်"

ထိုတခဏအတွင်းမှာပဲ ရှေးဟောင်းအင်မော်တယ်ကုန်းမြေ၏ ဒေသခံမျိုးနွယ်စုဝင်များအတွက် ကောင်းကင်ကြီးပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။

၎င်းတို့၏ ယခင်က အမြဲလိုလို ပြိုင်ဘက်ကင်းခဲ့သော အရှင်သခင်ဖြစ်သူ လုံထန်သည် လက်ရှိတွင် ပြိုင်ဘက်၏လက်ထဲ၌ ခွေးသေတစ်ကောင်ကဲ့သို့ မြှောက်တင်ခံထားနေခြင်း ဖြစ်လေသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မဖြစ်နိုင်ဘူး ဒါက ထင်ယောင်ထင်မှားဖြစ်နေတာပဲ ဖြစ်ရမယ်"

အချို့မှာ ၎င်းတို့မျက်စိတပ်အပ်မြင်နေရသည်ကိုပင် လက်ခံနိုင်ခြင်းမရှိပဲ  အော်ဟစ်နေကြ၏။

အမှန်ပင်လည်း ယခုမြင်ကွင်းသည် ရှေးဟောင်းအင်မော်တယ် ကုန်းမြေ၏ ဒေသခံမျိုးနွယ်စုဝင်းများဖို့ စိတ်ထဲတွင် တစ်သက်စာ စွဲထင်ကျန်နေမည့် မြင်ကွင်းမျိုးပင် ဖြစ်သည်။

"လုံအော်ထန်းက ဒီရက်တွေမှာ နာမည်မကြီးတော့ဘူး မင်းက ခေတ်မှားပြီးမွေးလာတာပဲ "

ဂူချန်းဂျီက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။သူပြောသောစကားများအား လုံထန် နားလည်ခြင်းတော့ မရှိတော့ချေ။

"ခရက်..ခရက်..ခရက်..."

"အစ်...အားး..."

ဂူချန်းဂျီ၏ လက်အားတိုးလာသည်နှင့်အမျှ အရိုးကျိုးသံ ခပ်အုပ်အုပ်နှင့်အတူ လုံထန်၏ နာကျင်စွာ မည်တမ်းလိုက်သံ ခပ်သဲ့သဲ့ ထွက်လာသည်။

"အား စက်ဆုပ်စရာအကောင်.."

"ဂူချန်းဂျီ ငါမင်းကို သတ်မယ်"

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now