အပိုင်း ၃၃

539 66 1
                                    


"အင်မော်တယ်မျိုးနွယ်စု ...။"
"ဂူမိသားစု ဟုတ်လား...?။"
"ဒါ ဘယ်လို တည်ရှိမှုမျိုးလဲ.?"
"ကမ္ဘာပေါ်ရှိ ဘယ်လိုလူတွေကများ သူတို့ကိုယ်သူတို့ အင်မော်တယ်(မသေမျိုး)လို့ တင်စားခေါ်ရဲကြလဲ...?။"

လူတိုင်း၏ အတွေး၌ မေးခွန်းများစွာ ဖြစ်ပေါ်လာခဲ့၏။

ကမ္ဘာဦးအစမှ ယနေ့ထိတိုင် တည်ရှိနေသည့် ဖြစ်တည်မျိုးကိုမှ ခေါ်ဆိုနိုင်ကြမည် မဟုတ်ပေလော..။

အဖိုးမင်၏ စကားမှာ နားထောင်နေသည့် လူတွေမှာ အသက်ရှုမှုကို ယူဆောင်သွားသလိုပင် ခံစားလိုက်ရ၏။

ထိုသူတွေ အသက်ရှုရမည်ကို မေ့သွားခဲ့ခြင်းပဲ ဖြစ်သည်။

လူတိုင်း၏ နှလုံးသားတစ်နေရာမှ တုန်လှုပ်မှုက မွေးဖွားလာခဲ့၏။

လင်းမိသားစုဘိုးဘေး၏ ဂူချန်းဂျီအပေါ် လေးစားကြည်ညိုမှုမှာ အကြောင်းမဲ့ ဟုတ်ပုံမရပေ။

ထိုအတွက်ကြောင့် ဂူချန်းဂျီအပေါ် လူတိုင်း၏လေးစားမှုက ဆထက်တစ်ပိုးတိုးလို့ လာတော့သည်။

ဘိုးဘေးဖြစ်သူပင် ဂူချန်းဂျီ၏ အစေခံအဆင့်သာရှိနေခဲ့ခြင်းကြောင့် သူတို့အနေနဲ့ ဂူချန်းဂျီရှေ့တွင် မည်သည်မှ ဟုတ်လိမ့်မည် မဟုတ်ပေ။

"ဒီကောင့်ရဲ့ နောက်ခံက အဲလောက်တောင်ပဲလား....?။"

လင်းတန် အမှုအယာပြောင်းလဲသွားခဲ့၏။ သူအနေနဲ့ ကိစ္စတွေက ထင်သလောက် ရိုးရှင်းမရှိဘူးဟု တွေးထင်စပြုလာခဲ့သည်။

သိုပေမယ့်လည်း ထိုအရာက သိပ်မကြာလိုက်ပေ။ တစ်စုံတစ်ရာကို တွေးမိလိုက်ပြီး စိတ်သက်ရာရသွားခဲ့သည်။

ထိုသူတွေအနေနဲ့ အဆင့်နိမ့်ကမ္ဘာကို ဆင်းလာခဲ့ရာ၌ ကမ္ဘာ့ဆန္ဒ၏ တားမြစ်ချက်ကို ခံရမည်မှာ မလွဲပေ။

ကမ္ဘာ့ဆန္ဒ၏ ဖိနှိပ်ခံလူတစ်စုကို သူ့လို နတ်ဘုရင်တစ်ပါးအနေနဲ့ ကြောက်စရာမရှိဘူးဟု တွေးမိသောကြောင့် ဖြစ်သည်။

သူအနေနဲ့ အထက်ဘုံမှာဆို ခက်ခဲမည်ဖြစ်ပေမယ့် လက်ရှိကမ္ဘာမှာတော့ တစ်နည်းတစ်ဖုံ ဆိုရပေလိမ့်မည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now