အပိုင်း ၂၁

579 72 0
                                    


"ရီချန် လား...?။"

"သူက မြေအောက်အကျဥ်းထောင်ထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား...?။"

"ဘယ်လိုလုပ်ပြီးဒီမှာရှိနေရတာလဲ။ ထောင်ဖောက်ပြေးလာတာလား.....?။"

ဆုချန်းကျီ မျက်ခုံးအစုံမှာ တွန့်ကွေးသွားပြီး ခေါင်းထဲ၌ မေးခွန်းများစွာထွက်ပေါ်လာသည်။

ရီချန်ကတော့ ဆုချန်းကျီ အမူအရာကို မရိပ်မိခဲ့ပေ။

ဂူချန်းဂျီပေးတဲ့ဆေးကို ဆရာဖြစ်သူရရှိပြီးနောက် သူကိုထောင်ဖောက်ပြေးဖို့ ကူညီခဲ့တာပဲ ဖြစ်သည်။

သို့ပေမယ့်လည်း ထောင်မှလွတ်လွတ်ခြင်း ရီချန် ထန်းရွှမ်တော်ဝင်ဂိုဏ်းမှ ထွက်ခွာဖို့ မကြိုးစားခဲ့ပေ။

ထိုအစား ဆုချန်းကျီ နှင့် တွေ့ရန် မြင့်မြတ်သော တော်ဝင်သမီးတော်ဆောင်သို့  ရောက်လာခဲ့ခြင်းပဲ ဖြစ်သည်။

ရန်ကျဲ၏ အကူအညီကြောင့် သူအားမည်သူမှ သတိမထားမိကြပေ။

တစ်ခုပဲ သူအံအားသင့်မိတာက ဆုချန်းကျီကို သူမနေထိုင်ရာ၌ မမြင်မိတာပဲ ဖြစ်သည်။

ထိုအချက်က ရီချန်စိတ်ကို ကပြောင်းကပြန် ဖြစ်သွားစေ၏။

"ဆုချန်းကျီတစ်ယောက် ဂူချန်းဂျီနှင့်အတူနေဖို့ ဖိခံပေးခံရတာများလား...?။"

ထိုအတွေးများနဲ့ ရီချန်တစ်ယောက် ရင်ကွဲပက်လက် ခံစားနေရ၏။

"ဘုရားမလို့ ဆုချန်းကျီ ကို ပြန်တွေ့ရတာပဲ....။"

စိတ်ထဲရှိသော အလုံးကျသွားသလိုပင် ရီချန်ခံစားလိုက်ရ၏။

"ချန်းကျီ... ဒီအတောအတွင်း မင်းအတွက်ခက်ခဲ......"

ရီချန်​ပြောနေသည့် စကားများ လမ်းတစ်ဝက်မှာပဲ ရပ်တန့်သွားခဲ့၏။

ဆုချန်းကျီ အမှုအရာက ယခင်ချိန်တွေကလို စိတ်လက်ပေါ့ပါးနေပုံမရပေ။

အဆောင်အပြင်ဘက်ရှိ ကန်ရေပြင်ဘက်ကို မျက်နှာမှုထားသည့် သူမ၏ လှပသော အသွင်က ရီချန် ရင်ခုံသံကို မြန်လာစေတာပဲ ဖြစ်သည်။

သူမ ဘယ်တွေသွားပြီး ဘာတွေလုပ်နေလဲဆိုတာကို မေးရန် ရီချန် စကားစရှာမရတော့ပေ။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now