အပိုင်း ၁၃၁ မှ ၁၃၅

504 40 0
                                    

ဗီလိန်တစ်ဦး၏ကံကြမ္မာ

အပိုင်း(၁၃၁)

''ဘယ်သူလဲ!''

ပြောပြောဆိုဆို ရီလင်း၏သတိကြီးစွာထားနေသောမျက်လုံးများက ကောင်းကင်ယံထက်သို့ ကျရောက်သွား၏။

လေတိုက်နေတာက ရပ်သွားသည်။

ထိုအခိုက် မှိန်ဖျော့ဖျော့လရောင်အောက်တွင် ဝိုးတဝါး ပုံရိပ်တစ်ခုကို ရီလင်း မြင်တွေ့လိုက်ရ၏။

ထိုအရာက စစ်မှန်မှုရှိပုံရပေမယ့် လောကတစ်ခွင်ရှိ ဖုန်မှုန့်များစွန်းထင်းမှုဖြင့် ကင်းကွာနေခဲ့သလို လက်ရှိသူ၏အရှေ့တွင် ရပ်နေသည်မှာမှန်သော်လည်း ထိုသူက တကယ်တည်ရှိနေခြင်းမရှိသကဲ့သို့ ရီလင်း ခံစားရလိုက်ရသည်။

ထိုအပြင် အဆုံးမဲ့သောမြူခိုးငွေ့များက ထိုပုဂ္ဂိုလ်၏ရုပ်သွင်ကို လွှမ်းခြုံထားခဲ့ကာ အလွန်ပင် ထိတ်လန့်ဖွယ်ရာကောင်းသော စွမ်းအားများကိုထုတ်လွှတ်နေသည့် ထူးဆန်းသည့်မှော်သင်္ကေတများကလည်း ပတ်ပတ်လည်၌ ဝန်းရံလျှက်ရှိနေပေသည်။

''ဒီပုဂ္ဂိုလ်ကဘယ်သူများပါလိမ့်။ သူဒီကို ဘယ်အချိန်ကတည်းက ရောက်နေတာလဲ။ဘာလို့ငါစောစောကတည်းက သူ့ကိုသတိမထားမိခဲ့တာလဲ''

ထိုသို့တွေးမိပြီး ရီလင်း၏ နှလုံးသားက တင်းကျပ်ကာ ခြေဖျားလက်ဖျားပင် အေးစက်လာသလို ခံစားလိုက်ရသည်။

ထို့အပြင် ​သူ့တစ်ကိုယ်လုံးလည်း ဇောချွေးများဖြင့် ပြည့်နက်လာခဲ့ကာ စိတ်ထဲမှနေ၍ နေမထိထိုင်မသာသောခံစားမှုမျိုးကိုလည်း ခံစားနေရ၏။

ရီလင်း၏ အရှိန်အဝါများက ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့ကာ သူလက်ထဲတွင် အလွန်ပင် စွမ်းအားကြိီးမားလှသော ပြန်လည်ဝင်စားခြင်းတာအို၏အငွေ့အသက်များဖြင့်ပြည့်နေသည့် အနက်ရောင် အင်းကွက်တစ်ခု ရောက်လာခဲ့တော့သည်။

ထိုအခိုက်တွင် ရီလင်းက ထိုပုဂ္ဂိုလ် လှုပ်ရှားသည်နှင့် တိုက်ခိုက်ရန်အတွက် အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အသွေးအသားထဲ၌ ​စိုးရိမ်စိတ်များဖြင့်  ဖုံးလွှမ်းနေခဲ့သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now