အပိုင်း ၁၇၆ မှ ၁၈၀

405 36 0
                                    

ဗီလိန်တစ်ဦး၏ ကံကြမ္မာ

အပိုင်း (၁၇၆)

ဘာသာပြန်.လင်းသန့်

"လုံထန် တဲ့လား။အဲ့ဒီလူကရော ဘယ်သူလဲ။ဂူချန်းဂျီကို တစ်ယောက်မဟုတ်တစ်ယောက်ကတော့နေ့တိုင်းပြသနာရှာနေတော့တာပဲ''

မိုးကောင်းကင်ယံမှ နဂါးငွေ့တန်းသဖွယ် တဝေါဝေါစီးကျသောရေတံခွန်အောက်ရှိ ကျင့်ကြံခြင်းကျောက်ဆောင်ပေါ်မှ ဂူရှင်းအာ မတ်မတ်ထိုင်လိုက်သည်။
ဝတ်ရုံအောက်အနားစကို မကာ သွယ်လျသောခြေဖဝါးဗလာလေးများကို အောက်ရှိရေပြင်ထက်သို့ချလိုက်၏။ရေမျက်နှာပြင်ကိုခြေထောက်နှင့်ကန်ကာ ဆော့ကစားရင်း သူမအသွင်က အလွန်ပင်  အေးချမ်းနေဟန်ရှိနေလေသည်။ရံဖန်ရံခါတွင် မနီးမဝေးတွင်ရှိနေသော မျက်လုံးနီ​မျောက်ဝံနက်အုပ်စုကိုလှမ်းလှမ်းကြည့်ကာ ၎င်းတို့ခေါင်းထဲတွင် ဘာများတွေးတောနေကြမလဲဟု သိလိုစိတ်ဖြစ်နေ၏။ယခုတွင်မူ ဂူရှင်းအာတစ်ယောက် သူမ၏ ကော့ညွတ်ရည်လျားသောမျက်ခုံးအစုံကိုကျုံ့ကာ တစ်ကိုယ်ထဲရေရွတ်ပြောဆိုနေလေသည်။

''ဟွန့် ဂူချန်းဂျီဆိုတဲ့ ဗီလိန်ကောင်စုတ်မှာလည်း ဒီလိုနေ့မျိုးရှိလာလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး''

ဟုတ်ပါသည်၊၊လုံထန်က ဂူချန်းဂျီကို စိန်ခေါ်လိုက်သည့် သတင်းအား သူမလည်း ကြားပြီးပြီ ဖြစ်သည်။

ဂူချန်းဂျီဟူသည့် သူများတကာကိုအမြဲဒုက္ခလိုက်ပေးနေတတ်သောလူသည် ယခုတွင်သူ့ကိုဒုက္ခရောက်စေချင်သောသူနှင့်ပက်ပင်းကြုံရလေပြီ ဖြစ်သည်။

သတင်းကြားကြားခြင်း ဂူရှင်းအာ၏တုန့်ပြန်မှုက သိပ်မကြာခင်ပဲ မပြန်လမ်းကိုကြွမြန်းတော့မည့် လုံထန်ဟူသောလူမိုက်အား သနားမိခြင်းသာပင်...။

သူမသည် ဂူချန်းဂျီ၏ အံ့မခန်းစွမ်းအားကိုမျက်မြင်တွေ့ပြီးသည့်နေ့မှစ၍ နောင်လာနောင်သားမျိုးဆက်သစ်များထဲတွင် မည်သူတစ်ဦးတစ်ယောက်မှဂူချန်းဂျီ၏ပြိုက်ဘက်ဖြစ်လာနိုင်မည်မဟုတ်ဟု ယုံကြည်ခဲ့သည်။သူမအရွယ်ရောက်လာသည်ထိ ဂူချန်းဂျီအား ယှဥ်ပြိုင်နိုင်မည်သူတစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ချေ။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora