အပိုင်း ၂၂

603 67 0
                                    

ဆုချန်းကျီလို ဥာဏ်ထက်ပြီး စဥ်းစားဆင်ခြင်နိုင်စွမ်းရှိသော မိန်းမမျိုးက ဂူချန်းဂျီကိုရွေးချယ်ပြီး ရီချန်အပေါ် အဆက်အသွယ် ဖြတ်တောက်လိုသည်ကို ရန်ကျဲ သံသယမရှိပေ။

မိန်းမချင်းပီပီ ဆုချန်းကျီ ၏ အတွင်းစိတ်ကို သူမရိပ်မိသည်ပဲ ဖြစ်သည်။

ဆုချန်းကျီနေရာမှာ သူမဆိုလျှင်လဲ ထိုအတိုင်းပဲ ဖြစ်လိမ့်မည် ဖြစ်သည်။

"ဘာလို့များ ရှောင်းချန် သခင်လေးဂူအပေါ် ရန်ငြိုးဖွဲ့နေရတာလဲ...?။"

ဒီအကြောင်းတွေကြောင့် သူမ သက်ပြင်းမချပဲ မနေနိုင်ခဲ့ပေ။

"ချန်းကျီ....မင်း...မင်း ငါ့ကိုလိမ်နေတာမလား...?။"
"ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...?။"

ရီချန်တစ်ယောက် ကမ္ဘာမြေကြီးချာချာလည်နေတာ မြန်ဆန်လာသည်ဟုထင်မိလိုက်၏။

သူ့ခေါင်းကို လက်အစုံဖြင့် ကိုင်ထားရသည်။
သူ့ဦးခေါင်းတစ်ခုလုံး ပေါက်ထွက်သွားမတတ် ခံစားနေရ၏။

ဆုချန်းကျီလို အေးစက်ပြီးသိမ်​မွေ့သောသူ၏ပါးစပ်မှ ထိုစကားမျိုးကြားရလိမ့်မည်ကို သူ မယုံကြည်နိုင်ပေ။

"ငါပြောနေတာတွေက အမှန်တွေပဲ..။"
"မစိုးရိမ်နဲ့..။ငါ ပြောနေတာကိုမယုံကြည်ရင် နောက်ကို ငါနဲ့ လာမပတ်သက်နဲ့တော့...။"
"မတော်လို့ သခင်လေးဂူသိရင် ရှင်းပြဖို့ခက်မှာကို ငါကြောက်မိတယ်....။"

ဆုချန်းကျီ ထိုကဲ့သို့ အကြင်နာမဲ့သော စကားမျိုးပြောနေသော်လည်းမျက်တောင်တစ်ချက်မခတ်ခဲ့ ပေ။

သူမအနေနဲ့ သူမပြောစရာကုန်သွားပြီပဲ ဖြစ်သည်။

အကယ်ဤရီချန်သာ တဖက်သတ်ဆန်နေအုံးမယ် ဆိုလျှင် သူမ လက်ပါရတော့မည်ပဲ ဖြစ်သည်။

"ဒါ...ဒါ..တွေက ဂူချန်းဂျီ​ မင်းကိုပြုစားထားတာပဲ ဖြစ်ရမယ်..။"

"ဂူချန်းကျီ လို အထက်ဘုံကလာတဲ့သူအနေနဲ့ နည်းစနစ်တစ်မျိုးမျိုးနဲ့ မင်းကို ပြုစားထားတာ သေချာတယ်...။"

ထိုအချိန်မှာပဲ ရီချန်တစ်ယောက် ဆောက်တည်ရာမဲ့ အော်ဟစ်ပြောလိုက်သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now