အပိုင်း ၃၇

499 61 0
                                    


ထိုအချိန်၌ ဂူချန်းဂျီ အနားယူရာ အဆောင်ထဲတွင်.....

ရုပ်တရက်ဆိုသလို အေးစက်တည်ငြိမ်နေသည့် ဂူချန်းဂျီ တစ်ယောက် မျက်လုံးဖွင့်လာခဲ့၏။

လင်းတန် သူ့အားပြစ်မှတ်ထားလိုက်အချိန်မှစပြီး အနီးပတ်ဝန်းကျင်လေဟာနယ်မှာ ဝိုးတဝါးလှုပ်ရှားမှုမျိုးတွေ ဖြစ်ပေါ်လာခဲ့သည်ဟု ခံစားလိုက်ရ၏။

ထောင်ပေါင်းများစွာသောမြင်းများ သူ့ထံသို့ ပြေးလာသည့် အသံမျိုးကိုပင် ဂူချန်းဂျီ ကြားယောင်လာခဲ့၏။

ထိုနောက်မှာတော့ သူ့တစ်ကိုယ်လုံးကို ရုတ်ရင်းကြမ်းကြုတ်သော အရှိန်အဝါတစ်ရပ် ဖုံးလွှမ်းသွားခဲ့ပြီး ရင်းနှီးကျွမ်းဝင်နေခဲ့သည့် နတ်ဆိုးအရှိန်အဝါကို ခံစားလိုက်သည်။

"ကြည့်ရတာ ငါထင်ထားတဲ့အတိုင်းဖြစ်လာတာပဲ...။"
"တစ်ခုရှိတာက သူရဲ့တားမြစ်မှော်ပညာက နည်းနည်းတော့...."

ဂူချန်းဂျီမျက်နှာပေါ်၌ လှောင်ပြောင်သောအပြုံးတစ်ခု ခိုတွဲလာတော့သည်။

"ဟမျ့..."

မာန်မဲသံတစ်ချက်နှင့်အတူ ဂူချန်းဂျီ၏ မျက်လုံးအစုံမှာ အနက်ရောင်အလင်းတန်းများ ဖြတ်ပြေးသွားခဲ့သည်။

သူ့စိတ်ဝိဥာဏ်ပင်လယ်အတွင်းရှိ ကောင်းကင်ဘုံနတ်ဝိဥာဏ်မှာ ထိုနည်းတူစွာပဲ မျက်လုံးဖွင့်လာပြီး အေးစက်ပြီး ဟန်မှုယာကင်းလို့ နေသည်။

ထို့နောက်မှာတော့ အနက်ရောင်မြူခိုးများသဖွယ် အရှိန်အဝါတစ်ရပ်က ဂူချန်းဂျီကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

ထိုအရှိန်အဝါမှာ ဆန်းကြယ်ပြီး တိုင်းတာ၍မရနိုင်အောင်ပင် နက်နဲခက်ထန်လှသည် ဖြစ်၏။

"မင်းက ကြီးကျယ်ခမ်းနားတဲ့ ပြန်လည်ဝင်စားသူတစ်ဦးအနေနဲ့တော့ ပမွှားအဆင့်ပဲရှိနေသေးတယ်။"

"ဒီလိုမျိုး လှည့်ကွက်လေးက ငါ့ကိုအပျင်းပြေစေမှာတောင် မဟုတ်ဘူး...။"

ထိုအချိန်၌ ဂူချန်းဂျီမျက်နှာပေါ်၌ အပြုံးက ပျောက်ကွယ်သွားခဲ့ပြီး ဟန်မှုယာကင်းမဲ့သည့်အသွင်က တဖန်ဖြစ်တည်လာခဲ့၏။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now