အပိုင်း ၄၇

457 56 0
                                    


လင်းတန်၏သတင်းကြားပြီး လင်းချူဟန်ရပ်နေသည့်နေရာ၌ပင် မှင်သက်သွားခဲ့၏။

တစ်ချိန်ထဲတွင် ဂူချန်းဂျီ​၏ သတိပေးချက်တွေမှာ အမှန်ဖြစ်နေသည်ကိုလည်း ယုံကြည်လာခဲ့သည်။

ထို့နောက် လင်းချူဟန် သတင်းပို့သူကို  လင်းတန်အားမျက်ခြေမပြတ်စောင့်ကြည့်ထားရန် အမိန့်ပေးလိုက်ပြီး ဂူချန်းဂျီထံသို့ ယခုဖြစ်ရပ်ကိုအကြောင်းကြားဖို့ ထွက်လာခဲ့၏။

သူမ၏နှလုံးသားမှာတော့ အေးစက်မှုများနှင့် ပြည့်နေခဲ့ရသည်။

"အခုလို လင်းတန် ပြန်ရှင်လာတယ်ဆိုမှတော့ သူခန္ဓာကိုယ်ကို ဘယ်သူမောင်ပိုင်စီးထားသလဲဆိုတာ သွားကြည့်သင့်တယ်...။"

လင်းတန်သတင်းကို လင်းချူဟန်ထံမှကြားပြီး ဂူချန်းဂျီတခနမှတွေးကာ ပြောလိုက်သည်။

အမှန်တော့ ယခုကိစ္စကို သူစိတ်မဝင်စားဘူးဆိုရင် လိမ်​နေတာပဲဖြစ်သည်။

ဤကဲ့သို့အဖြစ်မျိုး ဖြစ်ပျက်လာခဲ့မည့်အချိန်ကို သူသုံးရက်တိုင်သည်ထိ စောင့်မျှော်နေတာ ဖြစ်သည်။

ယခုလို ပွဲကြီးပွဲကောင်းမျိုးကို သူအလွတ်ခံမည်တော့ မဟုတ်ချေ။

ပွဲပြီးပါက လင်းတန်သည် သူ့အတွက်တော့ ကြက်သွန်ဥတစ်လုံးလောက်ပင် တန်ဖိုးရှိတော့မည် မဟုတ်ချေ။

" သူက ပြန်လည်ဝင်စားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် မဟုတ်ဘူးလား.?။"

"သူ့အနေနဲ့ စွမ်းအားကြီးသူဖြစ်နေမှတော့ ဘာလို့များအမှိုက်တစ်ကောင်ရဲ့ ကိုယ်မှရွေးပြီး ဝင်စားရတာလဲ...?။"

"သခင်လေးပြောတာ ကျိုးကြောင်းဆီလျော်မှုရှိတယ်....။"

ဂူချန်းဂျီစကားကို လင်းချူဟန်ထောက်ခံလိုက်၏။

သိပ်မကြာလိုက်ပေ။

လင်းတန်ကိုထားရှိသည့် မြေအောက်ခန်းသို့ ရောက်လာကြတော့သည်။

အခန်းဝအနီးတွင် လင်းတန်ကိုစောင့်ကြည့်ရန်အတွက် တာဝန်ပေးခြင်းခံရသည့် လင်းမိသားစုတပည့်မှာ တုန်ရီနေဆဲရှိသည်ကို တွေ့လိုက်၏။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now