အပိုင်း ၁၆၁ မှ ၁၆၅

489 43 0
                                    

၁၆၁

နောက်ဆုံးတော့ ဂူရှင်းအာ တစ်ယောက် မှင်သက်နေရာမှ သတိပြန်ဝင်လာခဲ့ပြီ ဖြစ်သည်။

ရှေ့တွင်ရှိသော မြင်ကွင်းကို တုန်လှုပ်ခြင်း၊မယုံကြည်နိုင်မှုများဖြင့် ထက်အောက် စုန်ဆန်ကြည့်မိလိုက်၏။

ယခုလို ဂူချန်းဂျီ ပေါ်ထွက်လာခဲ့မည်ဟု ဂူရှင်းအာ ဘယ်တုန်းကမျှ ထင်ထားခဲ့ခြင်း မရှိပေ။သူမ၏ခေါင်းကိုငုံကာ  ပြောစရာစကား ရှာမရဖြစ်နေ၏။

ရှုပ်ထွေးခြင်း၊တွေဝေခြင်း ၊စိတ်ကျေနပ်ခြင်းနှင့် ပျော်ရွှင်နေမှု...အစရှိသော စိတ်ခံစားချက်များ အတူစုပေါင်းဖြစ်ပေါ်နေသည့်အတွက် ဂူရှင်းအာ၏ သွင်ပြင်က  စိတ်ရှုပ်ထွေးနေပုံပေါက်နေခဲ့သည်။

သူမ၏မျက်နှာအမှုယာအား ဂူရှင်းအာ  လျှင်လျှင်မြန်မြန်ပဲ ဖုံးကွယ်နိုင်လိုက်သော်လည်း စိတ်ထဲတွင်မှု လှိုင်းထန်နေရဆဲပင်..။

သူမတွေးထားသည်မှာ ဂူချန်းဂျီသည် သူမ၏သေခြင်းရှင်ခြင်းကို ဘယ်နည်းနဲ့မှ ဂရုစိုက်လိမ့်မည်မဟုတ်ဟု ဖြစ်သည်။

သို့သော်လည်း ထင်မှတ်မထားသည့်အချိန်တွင် ဂူချန်းဂျီက သူမ၏ရှေ့သို့ ရောက်လာခဲ့၏။

၎င်းက ဂူရှင်းအာကို ပြောပြ၍မရနိုင်သော ငြိမ်းချမ်းမှုမျိုးကို ခံစားရစေခဲ့ကာ အနည်းငယ် အရှက်ရသွားစေခဲ့၏။

"အခုပဲ ငါက ကျင့်ကြံသူအားလုံးရှေ့မှာ သူ့ရဲ့စွမ်းပကားကို အမွှန်းတင်ချဲ့ကားပြီးပြောနေခဲ့တာလေ။တကယ်လို့ ဂူချန်းဂျီလည်း လူအုပ်ထဲမှာရှိနေခဲ့ရင် ဒီစကားတွေကို ကြားသွားခဲ့မှာ မလွဲပဲ..။

"သူတော့ ငါပြောတာတွေကိုကြားပြီး သေလုမတတ် ရယ်မောနေလောက်ပြီ..။ပြီးတော့လည်း ဘယ်နည်းနဲ့မှ သူငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။"

ထိုစဉ် ဂူချန်းဂျီအနေနဲ့ သူ့နောက်တွင်ရှိနေသော ဂူရှင်းအာ၏ ဂနာမငြိမ်ဖြစ်နေမှုအား သတိထားမိသည်မှာ ပုံမှန်ပဲဖြစ်သည်။

ကံမကောင်းစွာဖြင့် လက်ရှိအချိန်၌ သူက ထိုပြောင်ချော်ချော် ကလေးမလေးနှင့် စာရင်းရှင်းရန် အချိန်မရသေးချေ။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now