အပိုင်း ၅၆

478 52 0
                                    

ဂူချန်းဂျီ၏ အမူအယာက အေးစက်တင်းမာလျှက် ရှိသည်။

ထိုကဲ့သို့ စိတ်အချဥ်ပေါက်ကာ လူများကိုနှင်ထုပ်နေသည်ကိုကြည့်ရင်း ရီလျူလွီ ငြိမ်ကျသွားခဲ့၏။

သူမစကားမှာ ဘောင်ကျော်သွားခဲ့မှန်း ရီလျူလွီသတိပြုမိလိုက်၏။

ဂူချန်းဂျီသည်လည်း သူမဘာလုပ်ရမည်ဟု ပြောဆိုခဲ့ခြင်းမရှိပေ။

သူ့စကားတွေက ရှင်းလင်းမှုရှိ၏။

၎င်းမှာ ရီချန်ကိုသတ်ဖို့ သူကြိုးပမ်းခြင်းမရှိသည်မှာ သေချာသည်။

တွေးမိလေလေ ယခုကိစ္စမှာ ပြသနာတစ်စုံတစ်ရာ ရှိမနေလေလေပဲဟု ရီလျူလွီတွေးမိလိုက်၏။

အရေးကြီးသည့်အချက်က ဂူချန်းဂျီနှင့်ရီချန်တို့ကြားရှိ ကျင့်ကြံမှုကွာဟမှုက ကြီးမားလွန်းလှ၏။

တစ်ယောက်မှာ မိုးပေါ်ထိတိုင်မြင့်မားနေခဲ့ပြီး အခြားတစ်ယောက်မှာ မြေကြီးပေါ်ထိ နိမ့်ဆင်းနေခြင်းပင် ဖြစ်သည်။

အကယ်၍ ဂူချန်းဂျီသာရီချန်ကိုသတ်လိုစိတ်ရှိပါက ရီချန်ဘယ်နည်းနဲ့မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

၎င်းကိုစဥ်းစားမိပြီး ရီလျူလွီအားနာသည့်စိတ်များပင် ဖြစ်လာတော့သည်။

သူမသည် ကောင်းခြင်းဆိုးခြင်းကို မသိသူတော့ မဟုတ်ပေ။

ယနေ့လိုမျိုး ဂူချန်းဂျီထံသို့ သူမလက်တုန့်ပြန်ရန်အတွက်လာခဲ့ခြင်းက ပြန်တွေးကြည့်ပါက အကြောင်းမရှိပဲ ပြသနာလာရှာနေသလိုပင် ဖြစ်နေခဲ့သည်။

ဂူချန်းဂျီ၏ ပြန်လည်တုန့်ပြန်ပုံနှင့် သူမ၏တောင်းပန်ရသည့်အဖြစ်က ပြန်စဥ်းစားကြည့်ရင် ဖြစ်သင့်သည်အရာများပင် ဖြစ်သည်။

မှားယွင်းသူက သူမပင်ဖြစ်သည်။

"ဒီနေ့ ဖြစ်ပျက်ခဲ့သမျှတွေက လျူလွီဘက်ကနေ သခင်လေးဂူကို အပြစ်ပြုမိတာပါ..။"

"သခင်လေးဂူရဲ့ ရှင်းပြမှုကို ကျေးဇူးတင်ပါတယ်...။"

သူမအမှားကိုသတိပြုမိပြီး ရီလျူလွီ ပြောလိုက်၏။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now