အပိုင်း ၁၃

644 75 0
                                    

"ဂူချန်းဂျီ .."
"မင်းက တကယ်ကို အရှက်မရှိတဲ့ကောင်ပဲ။"
"ငါ့ရဲ့ ချန်းကျီကို လုယူခဲ့ရုံမကပဲ အခု ငါ့ဆရာဖြစ်သူကိုပါ ငါ့ကိုစွန့်ပြစ်ဖို့အကြံပေးနေတာလား...။"

ရီချန်မျက်နှာမှာ ရုပ်ဆိုးအကျဥ်းတန်လို့နေသည်။
သူ၏သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပုံပေါ်ပြီး ဂူချန်ဂျီကို အော်ဟစ်ကျိန်ဆဲလို့ နေ၏။
သူစိတ်၌ တွေးမိသည်က ဆရာဖြစ်သူကို ဂူချန်းဂျီ သူ့မကောင်းကြောင်းပြောပြီး ပထုပ်ရန် ကြံနေသည်ဟူ၍။

သူတို့ကြားအထင်မြင်လွဲမှားမှုဖြစ်အောင်လုပ်နေသည်ကိုမူ မတွေးမိပေ။

အထူးသဖြင့် သူ့ဆရာမဖြစ်သူ အပေါ်၌ အမျိုးအမည်မသိသော ခံစားချက်ရှိနေ၏။

ထိုကြောင့်လည်း သူနှင့် ဆရာဖြစ်သူကြား အခြားသူ ဝင်ရောက်လာခြင်းကို လက်ခံနိုင်ခြင်းမရှိပေ။
သူ့ဆရာက သူ့ရဲ့ အထိအခိုက်မခံနိုင်သော အရာတစ်ခုပဲဖြစ်သည်။
ဒီအချိန်မှာ ဂူချန်းဂျီပြောတာတွေက သူ၏ မြိုသိပ်ထားမှုတွေကို ပေါက်ကွဲထွက်လာစေခဲ့၏။

"အိုးးးး"
"ဘယ်တုန်းက မင်းရဲ့ချန်းကျီကို လုယူမိလိုက်လို့လဲ...။"
"ငါကိုယ်တိုင်တောင် မသိရပါလား...။"

ရီချန်အော်ဟစ်နေတာ ကြားသော်လည်း ဂူချန်းဂျီက အပြုံးမပျက်ပဲ ဖြေလိုက်၏။

"မင်းသိထားဖို့က ငါသူမကိုဘာတစ်ခုမှ မခိုင်းစေခဲ့ဘူးဆိုတာပဲ။"
"ကိစ္စတိုင်းက သူမသဘောနဲ့သူမ
​ေကျကျေနပ်နပ်ပဲ လုပ်ဆောင်ခဲ့တာ"

"ဒါကြောင့်မို့ ငါပြောသလို ဒီမျိုးရိုးဂူ နာမည်နဲ့ လူမှာဘအပြစ်ရှိတယ်ထင်လား။"
"လူဆိုတာမျိုးက အမြင့်ကိုတက်လှမ်းချင်ကြသလို၊ ရေကလည်း မြင့်ရာကနိမ့်ရာစီးတာ ဓမ္မတာပဲလေ။"
"ဒါက လောကကြီးထဲမှာ ရှင်သန်ဖို့အတွက် ဥပဒေသတစ်ခုပဲ။"
"ပြီးတော့မင်း....။"
"မင်းသာ တကယ်တမ်း မင်းဆရာအပေါ်သိတတ်ရင် သူမကို ဆွဲမထားသင့်ဘူး။
မင်းတကယ်ပဲ သူမလို ဝိဥာဏ်အစိတ်အပိုင်းတစ်ခုအနေနဲ့ ကြာကြာရပ်တည်နေနိုင်မယ် ထင်နေလား....။"

စကားတိုင်းက ရီချန်၏နှလုံးသားကိုသွေးစိမ်းရှင်ရှင် ယိုစီးစေသည်။
ရီချန်၏ မျက်နှာ ပိုမိုအကျဥ်းတန်လာခဲ့ပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်၏။
ဝိဥာဏ်အကြွင်းအကျန်တစ်ခုအနေဖြင့် ကြာရှည်စွာရှင်သန်နိုင်မှု မရှိတာ သူသိထားသည်။
ထို့အကြောင်းရင်းကြောင့်လဲ သူလျင်မြန်စွာသန်မာလိုစိတ် ရှိ​နေခြင်းသာ။ ထိုမှသာ သူ့ဆရာ၏ရုပ်ခန္ဓာကို ပြန်လည်တည်ဆောက်နိုင်အောင် ကူညီနိုင်လိမ့်မည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now