အပိုင်း ၃၄

531 67 0
                                    


ယခုလိုမျိုး ဂူချန်းဂျီ တထစ်ချပြောဆိုနိုင်သည်မှာ ယခင်ဘဝ၏ အင်တာနက်ဆိုက်များရှိ စာစဥ်များကြောင့်ဆိုရင်လည်း မမှားပေ။

လင်းတန်သည် သာမန်အမှိုက်တစ်ကောင်ထက် ပိုနေပုံရ၏။

မဟုတ်ပါက အမဖြစ်သူနောက်သို့ အခုလိုမျိုး ခိုးကြောင်ခိုးဝှက် လိုက်လာရဲမည် မဟုတ်ပေ။

မှောင်ရိပ်ထဲရှိ ပုန်းအောင်းနေသည့်သူမှာ လင်းတန်ဖြစ်သည်ကို ဂူချန်းဂျီ ပြေးကြည့်စရာမလို တွေးကြည့်တာနှင့်သိနိုင်၏။

တစ်ခုရှိသေးတာက သူ့အကြည့်ကြောင့် ထိုပုံရိပ်မှာ လျင်လျင်မြန်မြန်ပဲ ပျောက်ကွယ်သွားပုံထောက်ရင် လင်းတန်မှာ ပါးနပ်မှုရှိပြီး သာမန်လူငယ်လေးတစ်ဦးမဟုတ်မှန်း ထင်ရှားနေခဲ့သည်။

"ဒီလိုဆို မင်းရဲ့ ကြိုးပမ်းမှုက အရာရောက်ခဲ့တယ်လို့ ပြောရမှာပဲ....။"

"သူ့အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လောကကြီးထဲမှာ အစွမ်းအစမရှိတဲ့လူက  လည်စင်းခံရဖို့ စောင့်နေတဲ့ သိုးတစ်ကောင်ဖြစ်မှန်း သိသွားပုံရတယ်။"

"သူ့အတွက်တော့ မင်းက မှန်ကန်တဲ့ လမ်းကြောင်းပေါ် မတင်ပေးလိုက်သူနဲ့ မခြားနားဘူးပဲ..။"

ဂူချန်းဂျီမှ လင်းချူဟန်ကို   တောက်ပတဲ့အပြုံးတစ်ခုဖြင့် ချီးမွှမ်းလိုက်သည်။

ထို့နောက် ဂူချန်ဂျီက လင်းချူဟန်ကို လင်းတန်အကြောင်း စုံစမ်းလိုစိတ်ဖြင့် ဆက်မေးမြန်းလိုက်သည်။

လင်းတန်၏ အကြောင်းကို အမဖြစ်သူ လင်းချူဟန် ကောင်းကောင်းသိထားမည် ဖြစ်သောကြောင့် ဖြစ်သည်။

လင်းချူဟန်မှာတော့ ဂူချန်းဂျီ ၏ ရည်ရွယ်ချက်ကို မရိပ်မိပေ။

ဂူချန်းဂျီ သူမအား အကြောင်းမဲ့ မြောက်ပင့်နေသည်ဟုပင်  ထင်နေသည်။

သို့သော်လည်း ဂူချန်းဂျီ၏ စကားချိုချိုနောက်တွင် နှစ်မြောသွားရသည်။

ထို့ကြောင့်သူမ စိတ်အားတက်ကြွစွာပဲ လင်းတန်၏ အကြောင်းကို ပြောလိုက်သည်။

ဂူချန်းဂျီ လည်း အလိုက်သင့်ပြန်ပြောရင်း သူသိလိုသော အချက်အလက်များကို မေးမြန်းနေခဲ့သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now