အပိုင်း ၃၅

516 56 0
                                    


ဂူချန်းဂျီ ယနေ့ချိန်ထိ ရီချန်ကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးထားသည်မှာ  ရီချန်သည် သူ့အတွက် မည်သည့်ချိန်းခြောက်မှုမျိုးမှ ဖြစ်နိုင်စေမည်မဟုတ်သောကြောင့် ဖြစ်သည်။

အကယ်၍သာ သူ့အပေါ်၌ ထိခိုက်စေနိုင်သည့် အရိပ်အယောင်ပြပါက အမြစ်ဖျက် သုတ်သင်ပြစ်မည်ပဲ ဖြစ်သည်။

မည့်သည့် အစွယ်အပွားမှ ချန်ထားလိမ့်မည် မဟုတ်ချေ။

ရီချန်တင်မဟုတ်ပေ။ လင်းတန်သည်လည်း ထိုနည်းတူစွာပဲ ဖြစ်သည်။

သူတို့သည် ကောင်းကင်ဘုံ၏ သားတော်များဖြစ်နေစေကာမှု ဂူချန်းဂျ်ီအတွက်တော့ တစ်လှိုင်းပြီးတစ်လှိုင်းရိတ်သိမ်းနိုင်သည့်  ကောက်ပင်သီးနှံများထက်တော့ မပိုကြချေ။

ဂူချန်းဂျီသည် မိုက်မဲသူမဟုတ်ပေ။ သူ့ အပေါ်ချိန်းခြောက်နိုင်သည့် မည်သည့်အရာမျိုးမဆို ရှင်သန်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။

ရှေးယခင်ချိန်ကတည်းက ဗီလိန်တွေ ကျဆုံးရခြင်း၏ အဓိကအချက်မှာစကားများများပြောပြီး လက်တွေ့ဆောင်ရွက်ခြင်း မရှိသောကြောင့်ဖြစ်သည်။ ထိုဗီလန်တွေအနေနဲ့ ဇာတ်လိုက်တွေကို အကြောက်အလန့်မရှိ သုတ်သင်ရဲခြင်း မရှိခဲ့ပေ။

ဂူချန်းဂျီမှာတော့ ထိုကဲ့သို့အမှားမျိုး ယောင်လိုပင်ကျူးလွန်မည် မဟုတ်ပေ။

သူ့နှုတ်ကို လုံခြုံစွာ စောင့်စည်းပြီး မလိုအပ်သောစကားမျိုး ပြောနေမည်မဟုတ်ပေ။ ထိုအပြင် လက်တွေ့ကျကျပဲ  ဆောင်ရွက်မည် ဖြစ်သည်။

ဂူချန်းဂျီသည် ဥာဏ်ကြီးရှင်တစ်ဦး မဟုတ်သော်ငြားလည်း သူ့အသိဥာဏ်ပညာတွေက အသက်တစ်ချောင်းကိုတော့ စောင့်ရှောက်နိုင်သေးသည်။

သူ့အနေနဲ့ ကံကြမ္မာသားတော်တွေနှင့် ရင်ဆိုင်ရာ၌ ဖြေးဖြေးမှန်မှန်သာ လုပ်ဆောင်ရသည်ကို နှစ်သက်သည် ဖြစ်၏။ ထို့အတွက်ကြောင့် ရီချန်နှင့် လင်းတန်တို့ကို မလိုအပ်ပဲ သတ်မည်မဟုတ်ပေ။

မဟုတ်ပါက သူ့အတွက် လှည့်စားမှုအနည်းငယ်မျှ မပါဝင်တဲ့ ပျင်းစရာ ကိစ္စတစ်ခုပဲ ဖြစ်နေမည် ဖြစ်သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now