အပိုင်း ၁၆၆ မှ ၁၇၀

517 41 0
                                    

ဗီလိန်တစ်ဦး၏ ကံကြမ္မာ

အပိုင်း (၁၆၆)

ဘာသာပြန်.လင်းသန့်

ယွဲ့မင်းခုန်၏ မျက်နှာအမှုအယာက အနီးရှိလူများ၏ ပြောစကားကိုကြားသော်လည်း ပြောင်းလဲခြင်းမရှိပေ။ စိတ်ထဲတွင်မူ ၎င်းမှာဘာကိုဆိုလိုမှန်း​ နားလည်လိုက်၏။

ပြန်လည်မွေးဖွားလာသူတစ်ဦးအနေဖြင့် ရှေးဟောင်းအင်မော်တယ်နယ်မြေတွင် ရှေးဟောင်းအင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စုဝင်များ ရှိနေမှန်း သူမသိပြီးသား ဖြစ်သည်။ထို့အပြင် သူရှေ့ရှိနဂါးဦးချိုနှင့် မိန်းကလေးသည် ထိုမျိုးနွယ်စု၏ အတော်ဆုံး လူငယ်မျိုးဆက်များအတွင်းမှ တစ်ဦးဖြစ်ပေသည်။

မဟုတ်လျှင် ဤကိစ္စက ဤမျှလောက်ကြာနေမည်မဟုတ်ချေ။ ယွဲ့မင်းခုန်က ဤနေရာတွင် ရှေးဟောင်းအင်မော်တယ် အကြွင်းအကျန်မျိုးနွယ်စုဝင်တစ်ဦးနှင့် ထိပ်တိုက်တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

အမှန်တကယ်လည်း ပြိုင်ဖက်၏ သွေးကြောထဲတွင်  နဂါးသွေးများစီးဆင်းနေသည်။ သူမတွင် အလွန်ပင်အားကောင်းလှသော ခန္ဓာကိုယ်ဖွဲ့စည်းမျိုးရှိ၏။ထို့အပြင် သူတို့၏ဘိုးဘေးဖြစ်သူ ပထမဆုံးနဂါး၏ ကျင့်ကြံမှုအဆင့်သည် အစစ်အမှန်အင်မော်တယ်များထက်ပင် သာလွန်သည်ဟု ပြောကြပေသည်။

အသက်ရှင်ကျန်ရစ်ခဲ့သော သားမြေးများအတွင်းမှ အကောင်းဆုံးမျိုးဆက်တစ်ဦးအနေဖြင့် နဂါးဦးချိုနှင့်အမျိုးသမီးသည် အင်အားနည်းလိမ့်မည်တော့ မဟုတ်ပေ။

ဤနေရာတွင် အခြားသော လူငယ်အဓိပတ္တိဖြစ်နေပါက သူမ၏ပြိုင်ဘက် ဖြစ်နိုင်မည်မဟုတ်ပေ။ထိုအစား သူမ၏ ချေမှုန်းခြင်းကို ခံလိုက်ရမည် မလွဲပင်...။

ထို့အပြင် ဤရှေးဟောင်းအင်မော်တယ်နယ်မြေတွင် လုံထန်အမည်ရသည့် အစစ်အမှန်နဂါးဟု လူသိများကြသော အံ့သြဖွယ်ရာ လူတစ်ဦးရှိနေကြောင်း ယွဲ့မင်းခုန်သိပေသည်။ထိုသူက ဘဝင်မြင့်လောက်အောင် အလွန်ပင်အင်အားကြီးမားပေသည်။သူက ဒုတိယဖြစ်သည်ဟုပြောလိုက်လျှင် မည်သူမျှ ပထမဟုဆိုဝံ့ရဲကြခြင်း မရှိချေ။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now