အပိုင်း ၁၇၁ မှ ၁၇၅

470 32 0
                                    

ဗီလိန်တစ်ဦး၏ ကံကြမ္မာ

အပိုင်း ၁၇၁

ဘာသာပြန်.လင်းသန့်

ထိုစကားကိုကြားလိုက်သည့်အခါ ဟေးမင်၏ မျက်လုံးများသည် မယုံကြည်နိုင်စွာဖြင့်ပြူးကျယ်သွားကာ ရုတ်တရက်ထခုန်လိုက်သည်။
သူ့အပေါ်မှ ချောမောလှပသောမျိုးနွယ်ခြားအမျိုးသမီးပင်လျှင် အလန့်တကြားဖြစ်၍ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွား၏။

''ခုနကစကား ဘယ်သူပြောလိုက်တာလဲ?''

''ဘယ်သူလဲလို့''

ဟေးမင် အထိတ်တလန့်ဖြင့်ပတ်ဝန်းကျင်တစ်ခုလုံးအားရှာ​ဖွေရင်း ဆက်တိုက်အော်ပြောနေသည်။
သို့သော် ဝေဝါးနေသောမြူခိုးများ၏အလယ်၌ရှိနေသူကားသူတစ်ဦးတည်းသာဖြစ်ပြီး တခြားသူများမှာ အသံကိုမကြားခဲ့ကြသောကြောင့် ပဟေဠိဖြစ်ကာ သူ့အား ​မှင်သက်စွာဖြင့်ကြည့်နေကြသည်။

အစောပိုင်းက အသံကိုတခြားသူတွေ ကြားလိုက်ပုံမရကြတာကြောင့် သူတစ်ယောက်တည်းသာနားကြားမှားသကဲ့သို့ဖြစ်နေသည်။

''အစ်ကို ဟေးမင်၊ ဘာများဖြစ်လို့လဲ''

ကျန်မျိုးနွယ်ဝင်သတ္တဝါငယ်များ ကပါအထိတ်တလန့်ဖြစ်ကုန်ကြပြီး စိုးရိမ်သောမျက်လုံးများဖြင့် မေးမြန်းကြ၏။

ဟေးမင်က ရုတ်တရပ်ထရပ်ကာဝူးဝူးဝါးဝါးအော်ဟစ်လိုက်သည်အတွက် သူတို့သည်လည်း ထိတ်လန့်သွားသည်။

မည်သို့ပင်ဖြစ်စေ ယခုတွင်သူတို့၏ စိုးရိမ်မှုကို ပြရမည်ဖြစ်သည်။

ဟေးမင် ခဏမျှငြိမ်သွား၏။ထို့နောက် ပြန်ထိုင်လိုက်ကာ
''ဘာမှမဟုတ်တော့ပါဘူး'' ဟုပြောလိုက်သည်။

သူ့ထံ၌ စွမ်းအား၊ အင်အားတို့နှင့်ပတ်သတ်၍ မျှော်လင့်ချက်ကင်းမဲ့နေရသောအကြောင်းအရင်းများကြောင့် ယခုကဲ့သို့ထင်ယောင်ထင်မှားဖြစ်နေရခြင်းဖြစ်မည်ဟု ဟေးမင် တွေးလိုက်သည်။

အသံသည် ဝေဝါးလွန်းနေပြီး မှန်းဆခြေရာခံရန် ဝေးလွန်းလှ၏။ထို့ကြောင့်  သူ့စိတ်ထဲမှပြောနေသည့်အသံကိုပြန်ကြားရတာမျိုးဖြစ်နိုင်သည်ဟု ယူဆလိုက်ခြင်းပင်..။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now