အပိုင်း ၉၁ မှ ၉၅

554 51 3
                                    


အပိုင်း (၉၁)

တာအိုနတ်ဘုရားနန်းတော်၊ ပြိုင်စံရှားတောင်ထွဋ်...။

ထိုနေရာတွင် ကြီးကျယ်ခမ်းနားလှသည့် ဘုံဗိမ္မာန်များ နန်းတော်များက တည်ရှိနေကြ၏။

သူရိန်နေမင်း၏ အလင်းရောင်များကို  ခြုံလွှာတစ်ခုပမာ လွှမ်းခြုံထားသည့်ပုံက ရှေးခေတ်ကောင်းကင်ဘုံ၏ အစိတ်အပိုင်းတစ်ခုအလားပင် ထင်မှားမိကြပေလိမ့်မည်...။

တောင်စောင်းတစ်လျှောက်တွင် မရေတွက်နိုင်သည့် အင်မော်တယ်ဂူနန်းများရှိနေကြပြီး ငွေ့ရည်ဖွဲ့တည်စပြုနေသည့် စိတ်ဝိဥာဏ်ချီများ၊မြူခိုးများနှင့် ဆန်းကြယ်သော ရောင်စုံတိမ်တိုက်များစွာဖြင့် အလွန်ပင်တင့်တယ်လှပေသည်။

ဤသည်မှာ တာအိုနတ်ဘုရားနန်းတော်အတွင်း ဂူချန်းဂျီနေထိုင်ရာ အရပ် ဖြစ်သည်။

ထိုအပြင် တာအိုနတ်ဘုရားနန်းတော်တစ်ခုလုံး၏ စိတ်ဝိဥာဏ်ချီစွမ်းအင် အကြွယ်အဝဆုံးနေရာများထဲမှ တစ်ခုအပါအဝင်လည်း ဖြစ်၏။

အခြားသော တောင်ထွဋ်များစွာနှင့်ယှဥ်လျှင် ကျင့်ကြံမှုပြုရန်အတွက် အလွန်ကောင်းမွန်သောနေရာ ဖြစ်သည်။

နန်းတော်၏ အကြီအကဲများမှတပါး ဤနေရာထက်ပိုကောင်းသောနေရာမျိုးကို မည်သူမှ ပိုင်ဆိုင်ထားကြမည် မဟုတ်ပေ။

တာအိုနတ်ဘုရားနန်းတော်သည် အလွန်ပင် ကြီးမားကျယ်ပြန့်လှသည်။

တပည့်များကျင့်ကြံမှုပြုရန်ပင် ထောင်ပေါင်းများစွာသော တောင်ထွဋ်များ၊ကျွန်းဆွယ်များရှိသည်ဖြစ်ကာ ကျန်ရှိသော အတွင်းပိုင်းနေရာ၏ ကျယ်ပြောမှုကို ထည့်ပြောနေစရာပင် လိုတော့မည် မဟုတ်ပေ။

"ဝေါင်း....ဂါရား....။"

သားရဲသတ္တဝါကြိီးတစ်ကောင်၏ ဟိန်းဟောက်သံနှင့်အတူ နဂါးကိုးကောင်ကသော လှည်းရထားတစ်စီးက ပြိုင်စံရှားတောင်ထွဋ်အပေါ်သို့ ဝင်ရောက်လိုက်သည်။

ချက်ခြင်းဆိုသလိုပဲ ဘေးပတ်ပတ်လည်မှ ပါရမီရှင်လူငယ်များစွာက ပေါ်ထွက်လာခဲ့သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now