အပိုင်း 10

3.4K 135 52
                                    

Unicode

အပိုင်း ၁၀

"ကိုကိုဇော် ကိုကိုဇော်ကျောင်းချိန်ကြီးမဟုတ်ဘူးလား"

ရူပါ နာရီငုံ့ကြည့်မိလိုက်တော့ 12ခွဲသည့်အချိန်၊ထိုအချိန်ကား ဇော်တို့ပညာရေးကောလိပ်ရဲ့ ထမင်းစားနားချိန်ပင်ဖြစ်သည်။

"ရူပါ ဒါကဘယ်လိုရောက်လာတာလဲဖြေပါဦး
နိုင်းနိုင်းနဲ့ဟိုကလေးရော ဖြေကြပါဦး"

"ရူပါ ရူပါ ဟို. မမနဲ့စိတ်ကောက်လို့ လျောက်သွားနေကြတာပါ"

"အော် ကလေးတွေက မဟုတ်တာတွေလုပ်ဖို့ကြ တော်တော်သတ္တိရှိကြပါလား"

"အာ ကိုကိုဇော်ကလည်း မဟုတ်ပါဘူး ရူပါတို့က ဒီတစ်ခါတည်းတင်ပါ ကိုကိုရှိန်းကို ပြန်မတိုင်ပါနဲ့နော်"

"ရူပါ ညီမလေးတို့ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ လူကြီးတွေစိတ်ပူနေမှာကို မစဥ်းစားမိဘူးလား ဟမ်"

ဇော် ကျောင်းဆရာလောင်းလေးပီပီ အပီအပြင် ဆုံးမသြဝါဒချွေနေသည်။မန္တလေးပညာရေးကောလိပ်ဆိုသည့် ဆိုင်းဘုတ်ကြီးနားတွင် ကလေးငယ်များအား ဆူ​နေသည်။
အဖြူရောင်ရှပ်အကျီလက်ရှည်ကို တံတောင်ဆစ်နားထိ ခေါက်တင်ထားပြီး အောက်က ကျောင်းစိမ်းပုဆိုးဝတ်ဆင်ထားသော ဇော်သည် တကယ်ကို ဆူနေပေသည်။

ထိုစဥ် ဇော့်သူငယ်ချင်း သူရမြင့်မြတ်အနားရောက်လာလေသည်။

"ဇော် ဘယ်သူတွေလဲကွ"

"ငါ့ညီမတွေပါ လူကြီးတွေမသိအောင်လျောက်သွားနေကြတာ"

"အေးအေး အပြင်မှာနေခိုင်းမနေနဲ့လေ မုန့်ဆိုင်ခေါ်ခဲ့လိုက်လေဇော်"
..
နိုင်းနိုင်းဝေစိတ်ထဲတွင်"ဒီကိုဇော်ကလည်း ကိုကို့ညီလို့မပြောရဘူး သြဇာသီးအရမ်းကျွေးတာပဲ"

အပြင်မှာထုတ်ပြောလို့မရ၊ကိုကို့ကို ပြန်တိုင်ပါက သူ့ကို ကိိုကိုဆူလိမ့်မည်။
.
.
.ရှိန်း သူ့ညီနှင့်ဖုန်းပြောပြီးပြီးချင်း စိတ်ပူသည်က တမျိုး၊စိတ်တိုသည်ကတဖုံ ချက်ချင်း ကောလိပ်သို့ ကားမောင်းလာလေသည်။

ရောက်ရောက်ချင်း.
"ကလေးတွေ လာ အိမ်ပြန်မယ်"

ကားအနားသို့ရောက်သော်.
"ဖြောင်း"
အာ့

ခိုနားရာ❤ (Completed) Where stories live. Discover now