အပိုင်း3

5.6K 200 19
                                    

Unicode

အပိုင်း ၃

နှင်းမျက်လုံးပြူးသွားရသည်က သူ၏ချစ်လှစွာသော တပည့်လေး နိုင်းနိုင်းဝေက သူ၏ကလေးငယ် နှင်းရူပါဦးအိမ်မှာ ရောက်နေခြင်းဖြစ်သည်။

နှင်းစိတ်ထဲတွင် အံ့သြတာကတစ်မျိုး ၊ စိတ်ပူတာကတစ်မျိုးနဲ့ ဒေါသတို့ကလည်း ထောင်းခနဲဖြစ်ပေါ်လာသည်။
"သား နိုင်းနိုင်းဝေ ဒါကဘယ်လိုဘယ်လိုဖြစ်တာလဲ တီချယ် ဒီကိုလာတဲ့လမ်း ဆရာမကြီးဖုန်းဆက်လို့အကုန်သိပြီးပြီ၊အခု ဒီအိမ်ရောက်နေတဲ့အကြောင်းအရင်း တီချယ်ကို အကုန်ပြောပြစမ်းသား"
နှင်း ကရုဏာဒေါသနဲ့ လေသံမာမာနဲ့ပြောလိုက်မိလေသည်။
"သား မတ္တရာကနေ လိုင်းကားစီးလာတာပါဆရာမ ၊
ကားပေါ်ကအဆင်း သား ပိုက်ဆံအိတ်အလုခံရလို့ ဒီကိုကြီးနဲ့တွေ့လို့ သားလည်း ဘာလုပ်ရမလဲမသိလို့ ဒီအိမ်လိုက်လာမိတာပါ ဆရာမ သူငယ်ချင်းတွေနဲ့မတွေ့ရသေးဘူး"

နိုင်းနိုင်းဝေတစ်ယောက် သူ့တီချယ်ကို ကြောက်နေရင်းပြောမိသည်။

မကြောက်လို့လည်းမရ မထင်ရင်မထင်သလို တွယ်တတ်တဲ့သူ့တီချယ်အကြောင်းသူသာအသိဆုံးပင်။

နှင်းလည်း စိတ်ကိုလျော့ပီး ဆရာမကြီးတို့ဆီ အကျိုးအကြောင်းပြောပြပီးမှ လာရင်းကိစ္စကို ဆက်လက်လုပ်​ဆောင်တော့သည်။

နှင်းလည်း ကလေးငယ်ရဲ့မိဘတွေကို အကျိုးသင့်အကြောင်းသင့်ပြောပြီး ရူပါကို မတ္တရာသို့ ခေါ်ဆောင်ရန် ပြင်လေတော့သည်။

"ကဲကလေးငယ် မေမေတို့ဖေဖေတို့ကို ကန်တော့လိုက်ဦး ကိုကြီးကိုရောပဲ "

"ဟုတ်ကဲ့မမ"

ဘယ်သူမှသတိမထားမိသည့်အချက်မှာ နိုင်းနိုင်းဝေတစ်ယောက် သူ့ရဲ့ရှေ့မှာ ရုပ်တည်ကြီးနဲ့ထိုငိပြီးသူ့ကိုကြည့်နေသည့် အရပ်6ပေလောက်ရှိတဲ့ တောင့်တင်းသောခန္ဓာကိုယ်နဲ့ချောမောခန့်ညားလှသော Dr ရှိန်းသီဟ​မောင်ကို မြင်မြင်ချင်းကြွေမိသွားသည်။

"ဟယ် နိုင်းနိုင်း ထလေသား တီချယ်နဲ့တူတူပြန်မယ်
သားရဲ့အိမ်က စိတ်ပူနေကြတာလေ"

"ဟင့်အင်းသားမပြန်ချင်ဘူး သားဒီက ကိုကြီးနဲ့ပဲနေမယ်"ဆိုပြီး Drရှိန်းသီဟမောင်ရဲ့လက်ကို အတင်းပြေးချိတ်ပြီး ငိုတော့သည်။

ခိုနားရာ❤ (Completed) Tempat cerita menjadi hidup. Temukan sekarang