အပိုင်း 33

1.6K 83 16
                                    

အပိုင်း 33

နိုင်းနိုင်းတစ်ယောက် မဂ်လာပွဲအတွက်ရင်ခုန်နေမိသည်။ သီတင်းကျွတ်ပိတ်ရက်မှာ ကျင်းပမည့် သူတို့မဂ်လာပွဲလေးသည် အချိန်အားဖြင့် 1လသာကျန်တော့သည်။ အခုက စနေ တနဂ်နွေပိတ်ရက်ဖြစ်လို့ နိုင်းနိုင်း မန္တလေးမှာရောက်နေခြင်းဖြစ်သည်။
နိုင်းနိုင်း ဝရံတာဘက်ထွက်ကာ လေကောင်းလေသန့်ရှုနေရင်း ဖုန်းတစ်လုံးဝင်လာလေသည်။

"Hello  ကောင်းဆက်ပြော"

"သတို့သားလောင်းလေးက ငါတို့ကို ဘာမှမကျွေးတော့ဘူးလား..."

"မဂ်လာဆောင်မှအဝစားလေကွာ...မင်းတို့ကလည်း"

"မရဘူးငါ့ကောင်...စည်သူတို့ရော ဘေးမာရှိတယ် မင်းကိုလာဖို့ပြောနေကြတာ...ငါတို့ကို တစ်ဝိုင်းလောက်တော့ကျွေးရမယ်...ငါလိပ်စာပို့လိုက်မယ် မင်းလာခဲ့"

"..."

နိုင်းနိုင်းဘာမှပြန်မပြောရသေးခင် ဖုန်းချသွားသော သေနာကောင်ကို မေတ္တာပို့လိုက်သည်။

"ခွေးကောင်က ပြန်ပြောတာကိုနားမထောင်တော့ဘူး...ဟူး..ကိုကိုက​ပြန်မရောက်သေးဘူး ငါခဏသွားလိုက်ပါဦးမယ်"

နိုင်းနိုင်း ကောင်းဆက်ပြောသော လိပ်စာအတိုင်း ကားလေးမောင်းကာထွက်လာလိုက်သည်။
ဆိုင်သို့အရောက် နိုင်းနိုင်း ကောင်းဆက်တို့အားရှာမိသည်။

"နိုင်းနိုင်း ငါတို့ဒီမှာ..."

"အေးလာပြီ....အာ့"

နိုင်းနိုင်းရုတ်တရက်ဝင်တိုက်မိသောလူအား ကြည့်လိုက်မိသည်။ထို့နောက် အံ့အားသင့်မိသည်။
သူ မတွေ့ချင်သောသူနှင့် လာတွေ့နေပြန်ပြီဖြစ်သည်။

"ဟင် ကိုနန္ဒ..."

"ရရဲ့လား...တောင်းပန်ပါတယ်နော် ကလေး"

"ဟုတ်ရပါတယ်ဗျ ကျနော့်သူငယ်ချင်းတွေဆီ သွားလိုက်ဦးမယ်နော်"

"နေပါဦး အကိုရောထိုင်လို့ရမလား ကလေးတို့နဲ့အတူတူ"

"အာ မပတ်သက်တာကောင်းမယ်ထင်တယ်အကို....ကိုကိုသိရင်ကျနော်လည်းမကောင်းဘူး...ကိုကိုနဲ့ ကျနော် လက်ထပ်တော့မာ..ကျနော့်ကိုလည်းကလေးလို့လည်းမခေါ်ပါနဲ့"

ခိုနားရာ❤ (Completed) Where stories live. Discover now