အပိုင်း 18

2.3K 84 21
                                    

အပိုင်း 18

ဆေးရုံရောက်သော် ရှိန်း ကလေးငယ်မိဘများဆီဖုန်းဆက်လိုက်သည်။ နိုင်းနိုင်းဝေမှာ သူ့ဘေးတွင်ထိုင်နေလေသည်။

"Hello သား ရှိန်းပါ"
"........"

"ဗျာ"
"....."

ရှိန်း ကလေးငယ်မိဘများ၏ပြောစကားအရ တိမ်လေးသည် ကလေးငယ်၏အမ နုနုဝေဆိုသောအမျိုးသမီး၏ကလေးဖြစ်သည်။
မြစောနွယ်ဟုအမည်ပြောင်းထားသည်ကိုလည်းသိလိုက်ရသည်။

"တိမ်လေးရဲ့ဖခင်ကလေ ရတုမဟာထွဋ်ခေါင်ဆိုတဲ့လူပါ အန်တီ"
ရှိန်းစကားသံအဆုံး နိုင်းနိုင်းဝေ ရှိန်းအားကြည့်လိုက်မိပြီး
"ကိုကို"ဟူ၍ခေါ်လိုက်မိသည်။
"ခဏနော်ကလေး"
"..."
ရှိန်းအပြင်သို့ခဏထွက်ကာ ကလေးငယ်မိဘများအား အကျိုးအကြောင်းပြောပြလိုက်သည်။
မန္တလေးသို့ပြန်ရောက်ပါက ပြောမည်ဖြစ်ကြောင်း၊သူတို့ တိမ်လေးသက်သာပါက ပြန်လာမည်ဖြစ်ကြောင်းပြောလိုက်သည်။

ရှိန်းဖုန်းပြောပြီး အဝင်
"ကိုကို မေမေတို့က ဘာလို့ဖုန်းဆက်တာလဲဟင်"
"ကလေးကိုကိုရှင်းပြမယ်နော်"
"ဟုတ်"
".................အဲ့တာပါပဲကလေးရယ်"
"ဟင်အာ့ဆို တိမ်လေးက သားတူလေးပေါ့ကိုကို ဟုတ်လား မေ​မေတို့ကသားကို ဒီကိစ္စတွေဘာမှလည်းပြောပြဘူးကိိုကို"
"ကလေးစိတ်ဆင်းရဲရမာစိုးလို့နေမာပါကလေးရဲ့"
"ကိုကို ရတုမဟာထွဋ်ခေါင်ဆိုတဲ့သူကလေ နာမည်တူတာမဟုတ်ရင် မတ္တရာက သားသူငယ်ချင်းအကိုထင်တယ်ကိိုကို"
"ဟင် ဟုတ်လား"
"သားအရင်က ရည်းစားစာပေးတုန်းက ကိစ္စလေ သူ့နာမည်က ရတုမဟာထွဋ်ခေါင်တဲ့"
"တိုက်ဆိုင်လိုက်တာကလေးရာ"

"လူနာရှင် လူနာရှင်"
ရုတ်တရက် သူနာပြုဆရာမလေး၏ပြောစကားအရ
ရှိန်းတို့အခန်းထဲဝင်ကြသည်။
"ဦးဦးသားလေး တိမ်လေး ဘာမှမပြုဘူးနော်"
ရှိန်းကလေးငယ်၏ လက်အား စုပ်ကိုင်ကာ အားပေးလိုက်သည်။

...........

မန္တလေးသို့ရောက်သော် ရှိန်းတို့အိမ်တွင် ဦးသူရအောင်နှင့်ဒေါ်စုဝေပါရောက်နေကြသည်။

"ဖေဖေ မေမေ အီးဟီး"

နိုင်းနိုင်းသူ့မိဘများဆီပြေးသွားကာ အော်ငိုနေလေသည်။

ခိုနားရာ❤ (Completed) Where stories live. Discover now