အပိုင်း 8

3.8K 133 14
                                    

Unicode

အပိုင်း ၈

"ဟင့် ဟုတ်တီချယ် "

"အိုကေ ကောင်းပြီ မတ်တပ်ရပ်ပြီး လက်ပိုက်ထားမယ် နိုင်းနိုင်းဝေ
စွမ်းထက်နိုင် မင်းရောထ"

စွမ်းထက်နိုင်မှာ အံ့အားသင့်မိသည်။

နိုင်းနိုင်းဝေအပြစ်ပေးခံရမည်မှာ အပြစ်ရှိလို့ အပြစ်ပေးခံရမယ်ပေါ့၊ သူကကြ ဘာလို့လဲ ဟူသည့်အတွေးဝင်မိသည်။

"တီချယ် သားကကြ ဘာလို့လဲ"

စွမ်းထက်နိုင်အရဲစွန့်ကာမေးမိသည်။

" နိုင်းနိုင်းဝေဆဲတာကို တစ်ခွန်းမကျန် ပြောပြနေစရာလိုလား၊ သားကိုဆဲတယ်လို့ ပြောရင်ရပြီလေ မင်းက ဘာကိစ္စ ဆဲတာကို တစ်ခုမကျန်ပြောပြနေတာလဲ"
"ဟုတ်သားမှားသွားပါတယ်"
"အင်း မင်းကို အရင်အပြစ်ပေးမယ် ဟိုဘက်လှည့် လက်ပိုက်ထား"

ဖြန်း..အာ့

ဖြန်း...

ဖြန်း.
"နောက်တစ်ခါဆို မလွယ်ဘူး ကြားလား စွမ်းထက်နိုင်"
"ဟုတ်ကဲ့ "
"ဟုတ်ပြီ သွားထိုင်တော့"

နိုင်းနိုင်းဝေအလှည့်ရောက်သော်
"ဘာကိစ္စဆဲတာလဲ အကြောင်းအရင်းကိုပြော"

"ဟင့်အင်း သားဒီတိုင်း စသလိုလိုနဲ့ ဆဲမိသွားတာပါ"

"အင်း ဟုတ်ပီ"

နှင်းဖုန်းဖွင့်ပြီး တစ်ခုခု လုပ်ဟန်ပြင်သည်။

နိုင်းနိုင်းဝေ၊နှင်းရူပါဦး၊စွမ်းထက်နိုင် သုံးယောက်စလုံး မျက်လုံးပြူးလေသည်။

နှင်းလုပ်သည့်အရာမှာ ဖုန်းကို ဖွင့်ကာ ဖုန်းဆက်ခြင်းဖြစ်သည်။

"Hello ရှိန်း နင်အားလား အားရင်လိုင်းပေါ်တက်ခဲ့ပါဦး"

"တီချယ် ကိုကို့ကို ဘာကိစ္စခေါ်တာလဲဟင်"

"လူကြီးတွေစကားပြောနေရင် ဖြတ်မပြောရဘူးဆိုတာ တီချယ်သင်ထားတယ်နော်"

သူ့တီချယ်သည် သူ့စိတ်ကို ကောင်းကောင်းသိပေသည်။

သူ့ရဲ့ အရှင်သခင် အချစ်ရဆုံး ကိုကို့ရှေ့မှာ သူ့ရဲ့အပြစ်များကို ပေးများပေးနေမလားမသိဟု နိုင်းနိုင်းဝေတွေးမိသည်။

ခိုနားရာ❤ (Completed) Where stories live. Discover now