အပိုင်း 11

3.2K 135 48
                                    

အပိုင်း ၁၁

3ပုဒ်မှန်သည်ကို အကုန်မှန်သည့်ပုံစံဖြင့် ပျော်နေသော နိုင်းနိုင်းဝေအား ရူပါနှင့် စွမ်းထက် အံ့​သြ
နေကြ၏။

"ရူပါ ဘယ်နှပုဒ်မှားလဲဖြေ"

"3ပုဒ်မမ"

"လက်ဖြန့်ထား"

ဖြန်း.ဖြန်း.ဖြန်း အာ့ နာလိုက်တာ

စွမ်းထက်နိုင် ဘယ်နှပုဒ်မှားလဲ
"5ပုဒ် တီနှင်း"

"ဖြန်း ဖြန်း.ဖြန်း.ဖြန်း.အာ့ ဖြန်း"

နှင်းအားသုံးပြီးရိုက်သောကြောင့် ကလေးများနာကြပေလိမ့်မည်။

ကဲ နိုင်းနိုင်းဝေ လက်ဖြန့်
"ဖြန်း ဖြန်း..ဖြန်း.ဖြန်း.ဖြန်း အာ့ ဖြန်း အာ့ ဖြန်း"

"ကြိုးစားရမယ်နော် ကလေးတို့၊ ဘဝမှာရည်မှန်းချက်တွေကိုယ်စီရှိကြတယ်မလား၊
ကဲဘာရည်မှန်းချက်တွေရှိကြလဲ ဖြေကြပါဦး"

ရူပါ.. "Drဖြစ်ချင်တယ်မမ"

စွမ်း.."သား ကျောင်းဆရာဖြစ်ချင်တယ်"

နိုင်း.."သားက ရည်မှန်းချက်မရှိဘူး တီချယ်"

"ဟင် ဘာလို့လဲ"

"သားဘဝမှာ ပျော်ရွှင်ဖို့နဲ့စိတ်ချမ်းသာဖို့ကအဓိက ဘာမှဖြစ်ချင်ဘူး ဘဝကိုအေးအေးချမ်းချမ်းလေးပဲဖြတ်သန်းချင်တာ
အရင်က ကိုကို့ကလေးလေးဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်တော့ရှိတယ်
အခုတော့ ​တော်ပါပြီ ဘာမှဖြစ်ချင်တော့ဘူး"

နှင်း သူ့ကလေးအားကြည့်ပြီးစိတ်မကောင်း။
ရှိန်းဘက်က အဘယ့်ကြောင့် ဒီကလေးကို လက်မခံနိုင်သေးလဲမသိ။

....

"ကျနော်ရောသွားရမာပေါ့ ဆရာ"

"အင်းသားရော တာဝန်ကျတယ်"

"ဟုတ်ကဲ့ပါဗျ ကျနော် ပြင်ဆင်ထားလိုက်မယ် ဆရာ"

ရှိန်းတို့အဖွဲ့ရှမ်းပြည်နယ်ဘက်ကို တာဝန်ဖြင့်5လသွားရပေမည်။ ရှိန်း ကလေးငယ်အား မည်သို့ပြောရမည်နည်း။ ကလေးငယ် သူ့ကိုအခုထိ စိတ်ကောက်နေသေးသည်။ ဒီတစ်ပတ်ကလေးငယ်ကို သွားချော့ရင်း သူတာဝန်ဖြင့်သွားရမည်ကိုကလေးငယ်အားပြောပြရပေဦးမည်။
.......

ခိုနားရာ❤ (Completed) Where stories live. Discover now