အပိုင်း 27

1.9K 96 99
                                    

အပိုင်း ၂၇

ရှိန်း ဝင်လာသောမက်ဆေ့ကိုကြည့်ကာ စိတ်ထဲတွင် အတွေးပေါင်းစုံဝင်လာမိသည်။

သူ ကလေးငယ်၏ဖုန်းကိုခြေရာခံကာ ကလေးငယ်ရှိသည့်နေရာသို့အမြန်ဆုံးသွားရန်ဆုံးဖြတ်လိုက်သည်။

JJဝမ်းဆက်လေးဝတ်ထားသော သူ့ကလေးငယ်အားသူတွေ့လေပြီ။

ဖုန်းတစ်လုံးနှင့်ပိုက်ဆံအိတ်တစ်လုံးအားလက်မှကိုင်ကာ တစ်နေရာရာကိုသွားနေသည့်ပုံပင်။

နိုင်းနိုင်းရှေ့ ကားကိုပိတ်ရက်လိုက်သည်။

ကားပေါ်မှ ဆင်းလာသော ကိုကို့ကြောင့်

"ဟင် ကိုကို"

ကိုကိုဟုခေါ်လိုက်သောနိုင်းနိုင်းမျက်လုံးတို့သည် အသက်ပါလှ၏။ ကိုကို့ရှေ့တွင်ဟန်မဆောင်နိုင်အောင်ငိုမိသည်။

"နိုင်းနိုင်းဝေ ခုချက်ချင်းကားပေါ်တက်"

"ဟင့်အင်း သားမတက်ဘူးကိိုကို သားသူ့ဆီမသွားရင် ကိုကို့သိက္ခာတွေပါထိနိုင်တယ်"

"မရဘူး မသွားရဘူး ကိုကို့သိက္ခာထိရင်ထိ မထိရင်နေ မင်းကို ကိုကိုပေးမသွားနိုင်ဘူး၊သူနဲ့လည်းပတ်သက်စရာမလိုတော့ဘူး"

"သားသွားမှဖြစ်မယ်ကိိုကို အီးဟီး"

ရှိန်း ကလေးငယ်အား ပွေ့ချီကာ ကားပေါ်သို့တင်လိုက်သည်။

ထို့နောက် ကားပေါ်သို့အရောက် နန္ဒဆီသို့ ဖုန်းဆက်လိုက်သည်။

"Hello ကျနော် ရှိန်းသီဟမောင်ပါ၊ကျနော့် ကလေးနဲ့မပတ်သက်နဲ့လို့ ခင်ဗျားကိုပြောဖူးတယ်နော်၊
နောက်တစ်ခါ ကျနော့်ကလေးနဲ့ပတ်သက်ကြည့် ကျနော့်အဆိုးလုံးဝမဆိုနဲ့၊နိုင်းနိုင်းဝေကိုလည်း စောင့်မနေနဲ့ ခင်ဗျားဆီသူလာနိုင်မာမဟုတ်ဘူး
ကျနော်သူ့ကိုလမ်းကနေပြန်ခေါ်သွားပြီ"

".........."

"Pravicyကိုထိမယ်ဆိုတဲ့ ကိစ္စ ...ခင်ဗျား ဇရှိရင် လုပ်ကြည့်လေ ကျနော့်အကြောင်းသိစေရမယ်"

ဖုန်းဆက်နေသော ကိုကို့အား နိုင်းနိုင်းကြည့်ကာ ကြောက်နေလေသည်။ကိိုကိုဒေါသထွက်လျှင် ကြောက်ဖို့ကောင်းလွန်းသည်။
အရင်ကထက်ကို ဒေါသပိုထွက်နေဟန်ရှိသောကိုကို့ကိုကြည့်ပြီး နိုင်းနိုင်း စိတ်လှုပ်ရှားနေရသည်။

ခိုနားရာ❤ (Completed) Where stories live. Discover now