အပိုင်း 29

1.7K 83 18
                                    

အပိုင်း ၂၉

"Mommyရေ  နှင်း ပျင်းတယ် "

နှင်းရူပါဦးတစ်ယောက် သူ့မမဆီကို ဖုန်းဆက်နေခြင်းဖြစ်သည်။

"Babe ပညာသွားသင်တာလေ မပျင်းရဘူးလေ..."

"ဟွန့် မာမီကိုလည်းလွမ်းတယ်...စစ်ကိုင်းနေပူပူကြီးက မာမီကို ပိုလွမ်းစေတယ်လို့..."

"အချွဲလေး.... ဇော့်ကိုအပ်ထားတာနော် တိုင်သံမကြားချင်ဘူး..... စစ်ကိုင်းရောက်သွားပြီဆိုပြီး လုပ်ချင်တာလုပ်မယ်စိတ်မကူးနဲ့....မန္တလေးကနေ ချက်ချင်းလာပြီးရိုက်ပစ်မာ.."

"မာမီကလည်း Babeကိုဆို ခြိမ်းခြောက်ဖို့ချည်းပဲ...အကြင်နာလေးတွေပေးပါဦး မာမီရ"

"ဟွန်း..အချွဲလေး စာသေချာလုပ်မယ်နော်...ကိုယ့်ကိုကိုယ်ဂရုစိုက်မယ်...အာဘွား...."

"ဟုတ်မာမီ အာဘွား...မာမီရော ကျန်းမာရေးဂရုစိုက်နော်...."

နှင်း သူ့ကလေးငယ် BEdပေါင်းကူးပါသွားသည်ကိုပျော်ပါသည်။ သူ့ကလေးငယ်ကို အမြဲတမ်းပျော်ရွှင်စေချင်ပါသည်။ နှင်းဘဝမှာ ဒီကောင်မလေးနှင့်တွေ့ခွင့်ရတာ ဘုရားပေးသော ဆုလာဘ်လို့ကိုပြောလို့ရသည်။ တစ်နေ့ ပြင်ဦးလွင်က အိမ်ကလေးမှာ မြတ်နိုးရသော ကောင်မလေးနှင့်အခြေချမည်။
သဘာဝအလှတရားတွေကိုလည်း ဒီကောင်မလေးနှင့်အတူတူခံစားမည်။
လောကဓံတွေဘယ်လိုပဲတွေ့တွေ့ သူမြတ်နိုးရသောကောင်မလေးနှင့်သာဆိုလျှင် သူရင်ဆိုင်နိုင်ပါသည်။

"ချစ်ရပါသော မာမီရဲ့အမျိုးသမီးလေးရေ ...မာမီ မင်းကို ဘယ်တော့မှအဆုံးရှုံးမခံနိုင်ဘူး.....
မင်းလေးကို အရမ်းလွမ်းတာပဲ...."

ကလေးငယ် BEdပေါင်းကူးပါသွားသောကြောင့် ကလေးငယ်နှင့် လက်ထပ်ဖို့ကိစ္စမှာမဖြစ်နိုင်သေး။

နှင်း လုံလောက်သောအချိန်စောင့်ရပေဦးမည်။

...........

"စွမ်းထက် ဒီလာကြည့်ပါဦး...မင်းနာမည် ဒီမှာ.."

နိုင်းနိုင်းတို့ မတ္တရာပညာရေးမှူးရုံးသို့ ရောက်လညကြပြီး Positionကျသောနေရာကို ကြည့်နေကြခြင်းဖြစ်သည်။

ခိုနားရာ❤ (Completed) Where stories live. Discover now