အပိုင်း1

11.8K 268 7
                                    

Unicode

အပိုင်း ၁

"တေးသွားချို သီကာကျူးတဲ့ ကျေးငှက်ကို လှမ်းလို့ကြည့်ကာ ပန်းကလေးဟာပြောလိုက်တယ် လောကရဲ့အလှအပဟာ တို့ပွင့်မှ ပြည့်စုံမှာတဲ့ ..................
.......................

ရင်ထဲရှိရှိသမျှပြောပြရရင် တကယ်လှတယ်...."

တေးသွားသံတို့ တငြိမ့်ငြိမ့်ထွက်ပေါ်လာသည်က
အထက်တန်းပြဆရာမ ဒေါ်နှင်းခတ္တာဝေရဲ့ ဖုန်းမှဖြစ်သည်။

နှင်းရဲ့အကြိုက်ဆုံးသီချင်းလေးက အဆိုတော် ခင်မောင်တိုးရဲ့ ဝတ်မှုန်သီချင်းဖြစ်သည်။

စာစစ်နေရင်း ပင်ပန်းလာလို့ သီချင်းဖွင့်နားထောင်နေတဲ့ နှင်းတစ်ယောက် နာရီကို ကြည့်မိလိုက်တော့ ည 9နာရီအချိန်ရောက်နေပြီကို သတိထားမိလေသည်။

"ဒီအချိန်ဆို ငါ့ကလေးလေး ဘာလုပ်နေလဲမသိဘူး ဖုန်းဆက်ရင်ကောင်းမလား...
စာရောသေချာလုပ်ရဲ့လားမသိ...
နွားနို့ရော သောက်ရဲ့လားမသိဘူး...
ဟူး... စာလုပ်ပီး အိပ်ပျော်နေပီလားမသိဘူး"

နှင်းတစ်ယောက်တည်း စိတ်ထဲကနေတွေးမိနေလေသည်။

နှင်းဟာ အသက်30သာဖြစ်တာ 30လို့ကိုမထင်ရလောက်တဲ့ မိန်းကလေး ၊အရပ်5'5"နဲ့
ချောမောလှပြီး ကျစ်လစ်တဲ့ခန္ဓာကိုယ်ကလည်း သူ့ရဲ့စွဲဆောင်ဖွယ်အချက်တွေထဲက တစ်ခုပင်။
သူ့ရဲ့ကလေးဆိုသည့် လူသားလေးမှာ နှင်းရဲ့ ငယ်သူငယ်ချင်းDr ရှိန်းသီဟမောင်ရဲ့ တစ်ဦးတည်းသော ညီမလေး အထက်တန်းကျောင်းသူလေး နှင်းရူပါဦးပင်ဖြစ်သည်။

နှင်းနဲ့ ရူပါနဲ့က ချစ်သူတွေဖြစ်တာကို Dr သီဟကလည်း လက်ခံပေးခဲ့သည်။

LGBTကို လက်ခံတဲ့ မိသားစုအသိုင်းအဝိုင်းတွေဖြစ်တဲ့ နှင်းတို့ မိဘတွေရော ရူပါတို့မိဘတွေရောက နားလည်ပေးကြသည်။

အမှန်က နှင်းက သူ့ကလေးငယ်ကို သူ့အိမ်မာပဲ နေစေချင်သည်။
အနီးကပ်စောင့်ရှောက်ပေးချင်ပြီး ကလေးငယ်ရဲ့ကောင်းဆိုးကို သူကပဲ ထိန်းသိမ်းပေးချင်သည်။

နှင်း ဘုရားကန်​တော့ပီး အိပ်ဖို့ပြင်ဆင်နေချိန်....

Ring......

ခိုနားရာ❤ (Completed) Dove le storie prendono vita. Scoprilo ora