အပိုင်း 20

2.3K 93 60
                                    

အပိုင်း ၂၀

နိုင်းနိုင်းဖုန်းဖွင့်လိုက်သောအခါ Missed callများစွာအားတွေ့ရလေသည်။ သူ့တီချယ်ဆီမှလည်းပါသဖြင့် တီချယ်လည်း ဒီအကြောင်းအရာများအား သိနှင့်နေလောက်ပြီဖြစ်သည်။
ရုတ်တရက် မဲမှောင်လာသောကောင်းကင်ပြင်ကြောင့် နိုင်းနိုင်းကိုကို့အား သတိရမိ၏။
မိုးခြိမ်းသံတို့ကြောင့် နိုင်းနိုင်း ကြောက်စိတ်များ ကြီးစိုးနေသည်။
ရုတ်တရက်ရူပါဆီမှ ဖုန်းဝင်လာသည်။

"Hello ရူပါ အီးဟီး ငါ့ကိုလာခေါ်ပါဦး ငါကြောက်တယ် မိုးရွာတော့မာလားမသိဘူး"

ရူပါ ငိုယိုနေသောသူ့သူငယ်ချင်းအား စိတ်ပူလွန်းလှသည်။

"နိုင်းနိုင်း ဘယ်မှာလဲအခုက ငါ့ကိုပြောပါဦး မမဖုန်းဆက်လို့ငါသိပြီးပြီ"

"ငါကျုံးရှေ့ဘက်ခြမ်းက ထိုင်ခုံပေါ်မှာ ထိုင်နေတာ အီးဟီး"

ရူပါ သူ့ကိိုကိုအားဖုန်းဆက်လိုက်သည်။

"ကိုကိုရေ နိုင်းနိုင်းက ကျုံးရှေ့ဘက်မှာတဲ့ ညီမလေးအဆောင်ကအပြင်ထွက်မရတော့လို့ ကိုကို.."

ရူပါစကားဆုံးအောင်ပင်မပြောလိုက်ရ။ရှိန်းဖုန်းချသွားသည်။

ရှိန်း နိုင်းနိုင်းရှိရာသို့ ကားအမြန်မောင်းကာ သွားလိုက်သည်။

ထိုင်ခုံလေးပေါ်ထိုင်ကာ ငိုနေသော သူ့ကလေးငယ်အားတွေ့သော် ရှိန်းရင်ဝအား မီးစနှင့်ထိုးထားသလိုပူလောင်လှသည်။

ကားရပ်ပြီး ကလေးငယ်ရှိရာသို့ပြေးသွားလိုက်သည်။

ရုတ်တရက် အလိုက်မသိသော မိုးမ်ားက သည်းကြီးမည်းကြီးရွာလာသည်။

မိုးရေထဲတွင်ထိုင်ကာငိုနေသော သူ့ရှေ့မှကလေးငယ်အား ရှိန်း သူ၏ရင်ခွင်ကျယ်အတွင်းသို့ ဆွဲသွင်းလိုက်သည်။

"ကလေးရေ ကိုကိုတောင်းပန်ပါတယ်ကွာ ကိုကိုဘယ်လောက်စိတ်ပူနေလဲကလေးသိရဲ့လား"

"ကိုကိုက သားကို စိတ်ကုန်နေပြီကို အီးဟီး"

"က​လေးလာလာ ကားပေါ်သွားမယ်"

"ဟင့်အင်း မိုးရေထဲမှာပဲနေမယ် သားသေသွားလည်း ကိုကိုမငိုနဲ့"

ခိုနားရာ❤ (Completed) Where stories live. Discover now