အပိုင်း 5

5.1K 190 14
                                    

Unicode

အပိုင်း ၅

ရူပါလည်း ရေချိုးပြီး စပန့်ဝမ်းဆက်လေးဝတ်ပြီး အောက်ထပ်ဆင်းလာလိုက်သည်။

အောက်ထပ်မှာ မုန့်ထိုင်စားနေစဥ်.

"သမီးလေး ရူပါ စားလို့ပြီးရင် သမီးမမက သူ့အခန်းထဲ လာခဲ့ပါတဲ့"

မမရဲ့ ကြီးကြီး မမမေမေရဲ့ အမက ပြောလေသည်။

"ဟုတ်ကဲ့ကြီးကြီး ကြီးကြီးရောနေကောင်းတယ်နော် မတွေ့တာကြာတော့ ကြီးကြီးကပိုချောလာသလားလို့"

"အမယ် ကောင်းပရှင်ကောင်းပ ငါ့သမီးလေးက တကယ့်အမြှောက်လေး ဟားဟား"

"ဟီး"

ရူပါတစ်ယောက် စားသောက်ပြီး မမဆီကို သွားရန်ပြင်တော့သည်။

အခန်းတံခါးရှေ့ရောက်သော် တံခါးခေါက်ဖို့မမေ့ခဲ့။
မမဟာ သူ့ကို လူ့ကျင့်ဝတ်ကို နားလည်တတ်အောင်သင်ကြားပေးခဲ့သည်။

အခန်းမဝင်ခင် တံခါးခေါက်ရမည်ဆိုသည့် အခြေခံလူ့ကျင့်ဝတ်လောက်ကိုတော့ ရူပါလည်းနားလည်ပါသည်။

"ဒေါက် ဒေါက်"

"ဝင်ခဲ့"

မမရှေ့ရောက်သည်နှင့် ရူပါဟာ မခုတ်တတ်တဲ့ကြောင်ငယ်လေးသဖွယ်ဖြစ်သွားသည်။မမဟာ ကုတင်ပေါ်မာ ခြေထောက်ချထိုင်နေသည်။

"နှင်းရူပါဦး အခုချက်ချင်း မမရှေ့လာရပ်"

ရူပါလည်းမမရှေ့မှာ လက်ကလေးပိုက်ပြီး ရပ်လိုက်သည်။

"မျက်နှာကအောက်ကိုငုံ့မနေနဲ့
အခုချက်ချင်းခေါင်းမော့စမ်း"

"မမဘာပြောထားလဲ Babeကို"

"ဟိုဟို..... "

"အခုမှ ဟိုတေ ဟင်တွေလုပ်မနေနဲ့
ဆေးလိပ်အရက်လုံးဝ မထိရဘူးပြောထားတယ်မလား"

"ဟုတ်ကဲ့မမ"

"အေး အဲ့တာဘာဖြစ်လို့ မမစကားကို နားမထောင်တာလဲ

မမဆုံးမစရာမလိုတော့ဘူးလားBabeကို

မမချစ်လို့ဆုံးမနေတာတွေက Babeအတွက် အသုံးမဝင်တော့ဘူးလား"

"မဟုတ်ပါဘူးမမ မီးလေးတောင်းပန်ပါတယ်

မီးလေးမှာအပြစ်ရှိပါတယ်

ခိုနားရာ❤ (Completed) Where stories live. Discover now