အပိုင်း 38
"ကို...."
"omm "
သူဇာ ကို့မျက်နှာကိုကြည့်လိုက်သည်။ ဒေါသကြောင့်ခက်ထန်နေလေသည်။
"ကို...သူဇာရှင်းပြမယ်နော်..ရူပါလေးကို သူဇာခေါ်မသွားရင် ကလေးက ဘယ်ကိုလျောက်သွားနေမလဲမသိဘူးလေ... သူဇာက စိတ်ပူလို့ဒီလိုဆုံးဖြတ်ပြီး လုပ်လိုက်မိတာပါကို"
"ကိုယ်မေးတုန်းက ဘာလို့အမှန်တိုင်းမပြောတာလဲသူဇာ...ကိုယ်တို့ဘယ်လောက်စိတ်ပူနေမလဲဆိုတာ သူဇာမတွေးဘူးလားကွာ...ကိုယ့်ကိုရောဘာလို့လိမ်ရတာလဲ ကိုယ့်ဘဝမှာလိမ်ညာတာအမုန်းဆုံးဆိုတာ မင်းသိရဲ့နဲ့ကွာ"
သူဇာနွယ်ခေါင်းကိုအောက်သို့ငုံ့မိသည်။ ချစ်ရသူ ဇော့်ရဲ့ပါးစပ်မှထွက်လာသော စကားလုံးတစ်လုံးချင်းစီတိုင်းကို သူဇာအလေးအနက်နားထောင်နေသည်။ ရှပ်အကျ်ီအဖြူရောင်ကို တံတောင်ဆစ်နားထိခေါက်တင်ထားသဖြင့် ဇော့်ရဲ့လက်မှ အကြောစိမ်းစိမ်းတို့က အထင်းသား။ ဇော်မျက်မှန်ကိုချွတ်ကာ လက်ကဆံပင်ကိုထိုးဖွနေသည်။
"သူဇာတောင်းပန်ပါတယ်..."
ဇော် သူ့ရှေ့ကချစ်ရသူ ငိုနေမှန်းသိပါသည်။ သူ့ကောင်မလေး ဝမ်းနည်းတော့ သူစိတ်မကောင်း။
"ကဲ တော်တော့သူဇာ...သူဇာလည်း ဘယ်လိုမှမသက်သာလို့ကိုယ့်ကိုလိမ်လိုက်ရတာမလား....ကိုယ်တို့ ရူပါကိုသွားခေါ်ရအောင်"
"ကို...အဲ့တာကဖြစ်ပမလား..ရူပါသိရင် တခြားနေရာကိုထွက်သွားလိမ့်မယ်"
"ဘာမှမဖြစ်ဘူး မသိအောင်သွားမယ်...ကိုလည်း ကိုယ့်ယောက္ခထီးကြီးနဲ့မတော်ရသေးတဲ့ ယောက်ဖလေးကိုတွေ့ရမယ်"
"ကိုနော်"
................."မျက်လုံးကိုဖြေးဖြေးလေးဖွင့်မယ်....ဟုတ်ပြီ...သားလေး ဖြေးဖြေးလေးဖွင့်မယ်နော်"
"...."
"သားဘယ်လိုလဲ မြင်ရလား"
"ဟုတ် သားမြင်ရပြီ...အီးဟီး...သားပျော်လိုက်တာ"
"ကျမတို့သားလေးကိုကူညီပေးတာ ကျေးဇူးပါဆရာတို့ရယ်"
အောင်ပြည့်ဖြိုးလေးအား မျက်စိမြင်ရအောင်လုပ်ပေးနိုင်ခဲ့လေပြီ။ ရှိန်း သူ့ဘေးက ကလေးငယ်အားကြည့်လိုက်သည်။ ကလေးငယ်မျက်နှာမှာ ပြုံးလို့နေသည်။
YOU ARE READING
ခိုနားရာ❤ (Completed)
Romance#punishment type #Both Uni&Zawgyi #Myanmar BL& GL #ဖတ်ကြည့်ပါ တစ်ခုခုတော့ ကျန်မာပါ #ဟဲဟဲ