အပိုင်း 13

2.7K 122 26
                                    

Unicode

အပိုင်း ၁၃

ဆောင်းဝင်စပြုပြီ​​​ဖြစ်သောကြောင့် ရှိန်း တိမ်လေးအား အနွေးထည်ထူထူဝတ်ပေးလိုက်သည်။
ရှိန်း တိမ်လေးအား တကယ်သံယောဇဥ်ရှိ၏။ တိမ်လေး၏ဖခင်နှင့်မတွေ့ခင်ထိ စောင့်ရှောက်ပေးမည်ဟု တွေးထားလိုက်သည်။

"တိမ်လေး ဦးဦး သားသားရဲ့ဖေဖေကို မတွေ့ခင်ထိ သားလေးကို စောင့်ရှောက်ပေးမယ်နော်"

"ဟုတ်ကဲ့ ဦးဦး မေမေ့ကို သတိရလိုက်တာဗျာ ဟင့် "

"တိမ်လေး ဦးဦးကိုကြည့် ကလေးမှာ ဦးဦးရှိတယ်နော် "

ရှိန်း ကလေးငယ်အား ရင်ခွင်ထဲထွေးပွေ့လိုက်သည်။

....
"တိမ်ထွဋ်ခေါင် အဲ့တာ ဘာလုပ်နေတာလဲဟမ်"

ရှိန်း တိမ်လေးအား ပျောက်ကာ လိုက်ရှာခြင်းဖြစ်သည်။ ယခုမူ မမြင်ကွယ်ရာ ချောင်လေးတစ်ခုတွင် ချဥ်ထုပ်များထိုင်စားနေခြင်းဖြစ်သည်။
ရှိန်းမြင်မြင်ချင်းဒေါသထွက်မိသည်။
ချောင်းဆိုးပြီး ဖျားလျှင် သူများနှင့်မတူသည်မို့ ရှိန်းဂရုစိုက်နေသည့်ကြားမှ ယခုလိုလုပ်ရပ်လုပ်လိုက်သောကြောင့် ရှိန်းဒေါသထွက်ရ၏။

ရှိန်း တိမ်လေးအနားသို့သွားကာ

"ဘယ်သူကစားခိုင်းလို့စားနေတာလဲဟမ် စာရေးခိုင်းထားတာရောပြီးပြီလား "

"ပြီးသေးပါဘူး ဦးဦး ဟင့်ပြီးတော့ ဘယ်သူကမှ မစားခိုင်းပါဘူး"

"သွား ကိုယ့်အပြစ်ကို သိရင် ထုံးစံအတိုင်းလုပ်"

ရှိန်း ကလေးအား ချော့တစ်ခါချောက်တစ်လှည့် ဆက်ဆံသည်။

ကလေးငယ်မှာ သူ့ဦးဦးအကြောင်းသိ၍ ထုံးစံအတိုင်း တုတ်သေးသေး​လေးအား ရှာကာ ရှိန်းဆီသို့ လာပေးလေသည်။

"လက်ဖြန့်ထား တိမ်လေး"

"ဖြန်း...1 နောက် မတည့်တာတွေခိုးမစားတော့ပါဘူး

ဖြန်း...2 ဟင့် နောက်မတည့်တာတွေခိုးမစားတော့ပါဘူး

ဖြန်း..အာ့ 3 နောက်မတည့်တာတွေခိုးမစားတော့ပါဘူးဦးဦး"

ခိုနားရာ❤ (Completed) Where stories live. Discover now