Intro

14.2K 698 105
                                    

#Unicode

"မောင်... မင်း ငါ့ကိုတကယ်ကောချစ်ရဲ့လားဟင်...?"

လေတွေတဖြူးဖြူးတိုက်ခတ်နေတဲ့ ကျောင်းရဲ့ခေါင်မိုးထပ် တစ်နေရာ...။

ကြမ်းကြမ်းတမ်းတမ်းတိုက်ခတ်နေတဲ့လေကြောင့် ခေါင်းပေါ်ကဆံနွယ်တွေဟာ ဟိုဟိုဒီဒီရှုပ်ပွလျက်...။ ဒါပေမယ့် ကိုယ့်မှာတော့ ထိုရှုပ်ပွနေတဲ့ဆံနွယ်တွေအပေါ်လည်းအာရုံမရ၊ လေပြည်‌လေညင်းအား မျက်စိမှိတ်ခံစားဖို့ကိုလည်းသတိမရပဲ ကိုယ့်ဘေးမှာထိုင်လျက် စီးကရက်တစ်လိပ်ကိုအေးအေးဆေးဆေးသောက်နေသည့် မောင့်အား မေးခွန်းတစ်ခုမေးလိုက်သည်...။

ဒါဟာ ကိုယ်အရမ်းသိချင်နေတဲ့မေးခွန်းဖြစ်သလို မောင့်ဆီကိုလည်းထုတ်မေးဖူးတာ ပထမဆုံးအကြိမ်ပင်...။ 

ကိုယ်မေးတာကိုအဖြေပြန်မပေးသေးပဲ သောက်လက်စ စီးကရက်အား ‌ကြမ်းပြင်ပေါ်ပစ်ချကာ ခြေထောက်ဖြင့်နင်းချေပစ်လိုက်သည့် မောင်...။ ထို့နောက် ကိုယ့်ဘက်လှည့်ကြည့်လို့လာပြီး...

"ဘာများမေးမလို့လဲလို့...! တွဲတောင်တွဲနေကြပြီကို၊ ချစ်တာတွေမချစ်တာတွေက  လိုအပ်နေသေးလို့လား...!?"

ကိုယ့်ရဲ့အမေးကို ပေါ့ပေါ့တန်တန်ပင်ပြန်ဖြေလာတဲ့ မောင်က နောက်စီးကရက်တစ်လိပ်ကိုထုတ်သောက်သည်...။

ပထမဆုံးအကြိမ်မေးဖူးတဲ့မေးခွန်းဆိုပေမယ့် မောင့်ဘက်ကဘယ်လိုပြန်ဖြေလာမလဲဆိုတာကို ကြိုသိနေခဲ့တာက ရယ်စရာများကောင်းနေမလား...။ ဒီလိုအဖြေမျိုးကိုနားထောင်ဖို့သတ္တိမရှိလို့ ဒီအတောအတွင်း ဒီမေးခွန်းကိုမမေးခဲ့မိခြင်းပင်...။

ဒီလိုအဖြေမျိုးပဲပြန်ရမယ်ဆိုတာ သိသိကြီးနဲ့ တစ်မျိုးတစ်ဖုံများပြောင်းလဲလာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ထုတ်မေးခဲ့မိတာ ကိုယ့်အမှားပဲပေါ့...။ ဒီလိုရလဒ်မျိုးထွက်လာမယ်ဆိုတာသိသိကြီးနဲ့ ဇွတ်တိုးဝင်ခဲ့မိတာလည်း ကိုယ့်အမှားပဲပေါ့...။

ခပ်ယဲ့ယဲ့သာပြုံးလိုက်မိရင်း ကိုယ့်အကြည့်တွေက နင်းချေခြင်းကိုခံလိုက်ရတဲ့ ကြမ်းပြင်ပေါ်ရှိစီးကရက်ဆီရောက်သွားခဲ့ရတော့သည်...။

Long Nights And Daydreams (Completed)Tempat cerita menjadi hidup. Temukan sekarang