အခန်း ၃၃ : အမျိုးသမီး နံပါတ် ၁ (၃)

Start from the beginning
                                    

ဇာတ်​ဝင်​​တေး သီချင်းရဲ့ ဦးဆုံး ပုံစံတွင်​ ,
ချောင်​မိုယွီက သူမ ရဲ့ မြစ်​​ဘေးမှာထိုင်​ပြီး​နောက်​ကိုပြန်​လှည့်​​ကြည့်​​နေတဲ့ ဇာတ်​ဝင်​ခန်း
တစ်​ခုသာပါ​နေခဲ့၏ ။

အတူတူကြည့်​​နေချိန်​ , ​​သူမ​ဘေးမှ ​လော့​လော့
က စိတ်​လူပ်​ရှားစွာ ​ထ​အော်​လာတာကို သူမ
ကြားလိုက်​ရတယ်​ , " မာမားက TV ​ပေါ်မှာ!"

" ​ပေါင်​​ပေ့ မြင်​တာလား?" သူမ အ​တော်​က​လေး အံ့သြသွားရတယ်​ ။ သူက သူမ
ဖန်​သားပြင်​​​ပေါ်မှာ စက္ကန့်​အနည်းငယ်​​လေး
ပေါ်လာတာ​တောင်​ သူမကို ချက်​ချင်း
မှတ်​မိနိုင်​တယ်​။

ချက်​ချင်း ပဲ , ​လော့​လော့က ဖန်​သားပြင်​​ပေါ်
မှ ရှင်းဝမ်​ရွှမ်း ကို ညွှန်​ပြပြီး ​ပြောလာတယ်​,
" TV ​ပေါ်က အဲ့ဒီိ မိန်းမကြီးက လူ​ကောင်းတစ်​​ယောက်​လို့​ ​ဈေး မှာ မာမားကို ​လှောင်​​ပြောင်​ခဲ့တဲ့ အန်​တီဆိုးကြီးက ​ပြောတယ်​!"

' ဆို​တော့ ငါ့သားနဲ့ က​မောက်​ကမ ဖြစ်​တဲ့
အမျိုးသမီးက ရှင်းဝမ်​ရွှမ်း ရဲ့ ဖန်​တစ်​​ယောက်
လား?'
ချောင်​မိုယွီ က ​လော့​လော့ကို ​ပွေ့ပြီး သူ့ကို
သူမ​ပေါင်​​ပေါ်တင်​ထားလိုက်​တယ်​ ။ သူတို့
ဒရမ်​မာ ကြည့်​​နေစဉ်​ , သူမ ဖုန်းက ရုတ်​တ
ရက်​ မြည်​လာတယ်​ ။ သူမရဲ့ ​အေးဂျန့်​ ,
အစ်​မ ဝူ ။

အစ်​မ ဝူ ​ပြောလာတယ်​,
" မိုယွီ , မင်းအတွက်​ သတင်း​ကောင်းကြီး
ရှိတယ်​ , ဒါကို နား​ထောင်​ကြည့်​!"

ချောင်​မိုယွီ , " ဟင်​?"

အစ်​မ ဝူရဲ့ အသံက စိတ်​လူပ်​ရှားမူနဲ့ တုန်​ယင်
နေခဲ့တယ်​ , " အခု​လေးတင်​ , 'အာရုဏ်​ဦးရဲ့
ပထမဆုံး အလင်း​ရောင်​' ဒရမ်​မာ အတွက်
အဖွဲ့က ဖုန်း​ခေါ်ပြီး အမျိုးသမီး နံပါတ်​ ၁
နေရာအတွက်​ audition မှာ ပါဝင်​ဖို့ နင့်​ကို
ဖိတ်​ခဲ့တယ်​ "

ချောင်​မိုယွီ ကြက်​​သေ​သေ သွားတယ်​ ။
သူမက ကြယ်​ပွင့်​​သေး​သေး​လေး တစ်​ပွင့်
ဖြစ်​​နေရင်​​တောင်​ , " အာရုဏ်​ဦးရဲ့ ပထမဆုံး
အလင်း​ရောင်​" ရဲ့ တစ်​စိတ်​တစ်​ပိုင်းဖြစ်​ရတယ်
ဆိုတာ ဘာကို ဆိုလိုမှန်း သူမ တိတိကျကျ
သိတယ်​ !

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now