အခန်း ၃၃ : အမျိုးသမီး နံပါတ် ၁ (၃)

Comincia dall'inizio
                                    

ချောင်​မိုယွီ ဟာ သူ့စကား​ကြောင့်​ တုန်​လူပ်​လု
နီးပါးဖြစ်​သွားရသည်​ ။

ဘာလို့ဆို , ဒါက ​လော့​လော့ သူမဆီ ကို
ချဉ်းကပ်​လာဖို့ ပထမဆုံး လက်​ဦးမူ ယူတာပဲလို့!

သူမက က​လေးပုစိ​လေးရဲ့ အနီး​မှာထိုင်​ပြီး
ပြောလို်​က်​ တယ်​ , " မာမားက အသားလုံး
သုံးလုံး စားချင်​တာ , ​ပေါင်​​ပေ့ကို သုံးခါ နမ်း
မယ်​ဆို အဆင်ေ​ပြလား?"

ပြီးတာနဲ့ က​လေး​လေးကို သုံးခါ နမ်းပစ်​လိုက်
တယ်​ ။

အားရပါးရ စားပြီး​နောက်​ , သူတို့ရဲ့ အစာအိမ်
တွေဟာ အနည်းငယ်​ ​ဖောင်းလာတယ်​ ။
မစ္စယွီက အ​မေနဲ့ သားစုံတွဲကို မြင်​တဲ့အခါ ,
သူမဟာ မျက်​ရည်​များထွက်​သည်​အထိ ကူ
ကယ်​ရာမဲ့စွာ ရယ်​​မောလိုက်​တယ်​ ,
" မစ်​​ချောင်​က ဒရမ်​မာရိုက်​ပြီးကတည်းက
ပိုပြီး တတ်​ကြွ ​ပျော်​မြူးလာတယ်​!"

နာနီရဲ့ မှတ်​ချက်​ကို ကြားတဲ့အခါ , ​ချောင်​မိုယွီ
မ​မေးပဲ မ​နေနိုင်​ , " အရင်​က​ရော ကျွန်​မက ဘယ်​လို မိုလို့လဲ?"

မစ္စယွီက သူမ ​မေးခွန်းကို အများကြီးမ​တွေး
ဘဲ သာမန်​ကာလျှံကာ ပြန်​​ပြောလာခဲ့တယ်​,
" အရင်​ကဆို , မင်းက အမြဲတမ်း အလုပ်​များ
နေပြီး ​လော့​လော့နဲ့ အတူရှိတာ ရှားတယ်​ ,
ဒါ​ကြောင့်​ မင်းက မင်းရဲ့သားကို ဂရုစိုက်​ဖို့
ငါ့ကို ငှါးခဲ့တာ​ပေါ့ ။ ဒါ​ပေမဲ့ အခု​တော့ ,
မင်းက ​ကောင်​​လေးနဲ့ အတူကစားဖို့ အချိန်​ပို
ပေးပြီး သူက မကြာခဏ ပို ရယ်​​မောလာ
တယ်​"

ဆို​တော့ မူလပိုင်​ရှင်​က ရှင်းရီချန်း ​နောက်​ကို
လိုက်​ဖမ်းဖို့ သူမရဲ့ အချိန်​​တွေအားလုံးကို သုံးခဲ့ပြီး အဲ့ဒါကိုပဲ သူမက " အလုပ်​" လို့ ဆင်​​ခြေ
သုံးခဲ့တာ​ပေါ့? ​ချောင်​မိုယွီ က ဝတ္တုရဲ့
အ​ကြောင်းအရာ​တွေကို ပြန်​မှတ်​မိလိုက်​တယ်​,
မူလပိုင်​ရှင်​က တက္ကသိုလ်​ က​နေဘွဲရပြီး
နောက်​မှာ သူမက သူမအတွက်​ အလုပ်​တစ်​ခု
ဘယ်​တုန်းကမှ မရှာခဲ့ဘူး ။

" ​ကောင်းပြီ , ကျွန်​မက အနာဂတ်​မှာ ​လော့​လော့ ​နောက်​ပဲ အမြဲတမ်းလိုက်​​နေ​တော့မှာ!"
ချောင်​မိုယွီ ကတိ​ပေးလိုက်​တယ်​ ။
သူမက အချိန်​ကိုကြည့်​ပြီး ရှန်းရှီ အတွက်
အပိုင်း ၅ စတင်​​တော့မှာကို သိလိုက်​တာ
ကြောင့်​ သူမ TV ဖွင့်​လိုက်​သည်​ ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Dove le storie prendono vita. Scoprilo ora