အပိုင်း ၃၁

Start from the beginning
                                    

ထိုအချိန် လင်းမိသားစု၏ ဧည့်ခန်းမထဲတွင်....

များစွာသော စွမ်းအားမြင့်မားသူတွေမှာ ရပ်စောင့် နေကြသည်။

ထိုသူတွေထံမှ ထွက်ပေါ်နေတဲ့ အရှိန်အဝါတွေက လေထုအတွင်းရှိ ချီစွမ်းအင်တွေကို ဆူဝေလာစေကာ လှိုင်းများသဖွယ် အလင်းတန်းများက ယှက်နွယ်လို့ရှိ၏။

ဤသည်မှာ ရှေးဟောင်းမိသားစုကြီး၏ ခွန်အားမှန်နှင့် ဂုဏ်ကျက်သရေပဲ ဖြစ်သည်။

ခန်းမအပြင်ဘက်တွင်လည်း လင်းမိသားစုဝင်များဖြင့် ပြည့်နက်နေခဲ့သည်။

အများစုမှာ လင်းမိသားစု၏ ငယ်ရွယ်သော မျိုးဆက်လူငယ်များ ဖြစ်သည်။ လင်းမိသားစု၏ ပါရမီရှင်များ၊ တိုက်ရိုက်တပည့်များနှင့် တိုက်ရိုက်သွေးမျိုးဆက်တို့ပဲ ဖြစ်သည်။

သူတို့မျက်နှာပေါ်၌ စိတ်လှုပ်ရှားပြီး၊သိလိုစိတ်ပြင်းပြနေပုံရပေမယ့် ဆူညံ့မှုမရှိပဲ တိတ်ဆိတ်နေကြတာပဲ ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ခန်းမအတွင်းရှိ လူများ၏ အဆင့်အတန်းမှာ အလွန်မြင့်မားနေခဲ့သောကြောင့် ဖြစ်သည်။

နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့သည့် လင်းမိသားစု အကြီးအကဲ ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုနေတာ ဖြစ်သည်။

ဧည့်ခန်းစားပွဲ၏ ထိပ်ဆုံးမှာထိုင်ပြီး လက်ဖက်ရည်သောက်နေသည့် အနက်ရောင်ဝတ်ရုံရှည်ဝတ် လူငယ်လေးရဲ့ နောက်ခံမှာ ဘာများဖြစ်မလဲ...?

ထိုလူငယ်၏ အစေခံဖြစ်သူ မိန်းကလေးပင် ဘုံကိုးဆင့်မှနတ်သမီးလေးလို လှပသူပဲ ဖြစ်သည်။

ဒါတင်မကပဲ ဒဏ္ဍာရီလာ လင်းမိသားစုဘိုးဘေးမှာလည်း ထိုလူရွယ်ကို အလွန်လေးစားပုံပေါ်သည်။

ထိုအချက်တွေနဲ့ပင် ထိုလူရွယ်၏ နောက်ခံအင်အား မည်မျှနက်ရှိုင်းမည်ကို မှန်းဆနိုင်ခြင်း မရှိပေ။

"လူအိုကြီးမင်.. လုပ်စရာရှိတာလုပ် ..ငါ့ကိုဂရုစိုက်နေစရာ မလိုဘူး...။"

ထိပ်ဆုံးခုံ၌ ထိုင်နေသည့် ဂူချန်းဂျီမှ သာမန်မျှ ပြုံးလျက်ပြောသည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now