အပိုင်း ၃၁

Mulai dari awal
                                    

ပြောပြီးတာနဲ့ လင်းတန်၏ ဘယ်လိုအမူအယာ ဖြစ်သွားမလဲဆိုတာကို ဂရုမစိုက်ပဲ အဖော်ဖြစ်သူလက်ကိုဆွဲကာ လှည့်ထွက်သွားခဲ့သည်။

"အထက်ဘုံကနေ ပြန်ခဲ့တာလား..?"

ထိုစကားကိုရေရွတ်ရင်း လင်းတန်တစ်ယောက် ငိုင်ကျသွားရ၏။

အစကတော့ ဘိုးဘေးကြိုဆိုပွဲကို သူသွားဖို့စိတ်ကူးမရှိပေ။ သိုသော်လည်း အထက်ဘုံနှင့် ဆက်နွယ်နေသည်ကိုကြားပြီး သူ့စိတ်ကူးပြောင်းသွားခဲ့သည်။

"ကောင်းပြီလေ။ဒီလိုဆိုလည်း လင်းမိသားစုရဲ့ဘိုးဘေးက ဘာထူးခြားမလဲဆိုတာ သွားကြည့်ဖို့သင့်တယ်။"

ထိုသို့တွေးပြီး လင်းတန်တစ်ယောက် လာခေါ်သူနှစ်ယောက်နောက်မှ တိတ်တိတ်လေး လိုက်လာခဲ့၏။

ထိုသူနှစ်ယောက်မှာ လင်းတန်လိုက်လာခဲ့သည်ကိုမြင်ပြီး မရယ်မောပဲ မနေနိုင်ပေ။
"လင်းတန် ဘယ်လောက်ပဲ ဟန်ကြီးပန်ကြီးနိုင်နေပေမယ့် မိသားစုခေါင်းဆောင်ကိုတော့ ကြောက်သေးတာပဲ.."
ဟု တွေးလိုက်ကြ၏။

"ဟီ..ဟီး..."

"သူပြောတော့ မသွားဘူးဆို...?"

"ပြောမနေနဲ့ မိသားစုခေါင်းဆောင် ဆိုတဲ့ အသံကြားတာနဲ့ အမြီးကုတ်သွားတာပဲ...။"

"လင်းမိသားစုဝင်သာမဟုတ်ရင် သူကဘာကောင်မှဟုတ်တာ မဟုတ်ဘူး...။"

ထိုနှစ်ယောက်၏ တီးတိုးစကားတွေက လင်းတန် မျက်နှာကို ပိုလို့အကျဥ်းတန်သွားစေပြီး မျက်လုံးထဲ၌ လူသတ်ငွေ့များပင် ယှက်သန်းလာခဲ့သည်။

သို့ပေမယ့် လင်းမိသားစု မျိုးရိုးအမည်ကို လက်ရှိအချိန်၌ သူစွန့်ပယ်လို့မဖြစ်သောကြောင့် သူစိတ်တွေကို ထိန်းထားရသည် ဖြစ်၏။

သူ၏ မူရင်းဇစ်မြစ်ကို ယခုချိန်၌ ဖော်ပြလို့ မဖြစ်သေးပေ။

ရှေ့တွင်လျှောက်နေသူ နှစ်ဦးမှာ အစောပိုင်းက တမလွန်တံခါးဝကို အလည်ရောက်ခဲ့သည်ကိုပင် မသိလိုက်ကြချေ။

လင်းတန်၏ လက်ရှိကျင့်ကြံမှုမှာ မြင့်မားမှု မရှိပေမယ့် ထိုသူနှစ်ဦးကို လက်စတုံးဖို့အတွက်တော့ နည်းလမ်းများစွာ ရှိနေသေးတာပဲ ဖြစ်သည်။
...................................................

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Tempat cerita menjadi hidup. Temukan sekarang