1

67.4K 916 58
                                    

Unicode

မှန်ထဲမှာမြင်နေရတဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်မိသည်။ လည်ပင်းတစ်လျှောက်တွင် အနီကွက်မြောက်များစွာနှင့်
တစ်ချို့ကိုက်ရာများသည် ခရမ်းရောင်ပြောင်းနေပြီ။
မွေးကတည်းက ဆုံးပါးသွားသည့်အမေကြောင့် အဖေတစ်ခုသားတစ်ခုဘဝဖြင့် လူတန်းစေ့နေနိုင်အောင်သူ့အဖေက ပျော်ရွင်စွာထားခဲ့သည်။အခု သူ့အသက်16အထိ သူ့အဖေသည် သူ့အပေါ် အဖေဝတ္တရားရော အမေဝတ္တရားရောကျေပွန်ခဲ့သည်။သို့သော် ဖေဖေသည် အလုပ်ကိစ္စတစ်ခုကြောင့် ခရီးတစ်လလောက်သွားရမယ်တဲ့ ဖေ့ဖေ့သူငယ်ချင်းကိုအကူအညီတောင်းကာ သူနဲ့လာနေစေသည်။ ထိုနေ့ကစလို့ပေါ့

ဂိမ်းဆော့နေတုန်း ဖေ့ဖေသည် သူ့သူငယ်ချင်းပါလာသည်ဆိုတာကြောင့် သက်ပြုံးဝေသည် ဆိုဖာပေါ်တွင် ကျုံ့ကျုံ့ကလေးထိုင်နေရှာသည်။ မီးဖိုချောင်တွင် အအေးသွားယူနေသော ဖေဖေကလည်းထွက်မလာသေး။အရှေ့တွင် စူးစူးရဲရဲစိုက်ကြည့်နေသော လူကြီးကြောင့် အကြည့်လွှဲကာ ဆိုဖာပေါ်တွင် ကိုယ်ကိုကျုံ့ပြီးထိုင်နေမိသည်။ထိုလူ့အကြည့်တွေကပြုံးဝေ ကို အနေရခက်စေသည်။

"ပြုံးငယ် သား ဒါက ဖေ​ဖေ့သူငယ်ချင်း ဇွဲခန့်သစ်တဲ့ ဖေမရှိတုန်း သားငယ်နဲ့အတူလာနေပေးမယ့်လူလေ!"

အအေးခွက်ကို ထိုလူကြီးရှေ့ချပေးရင်း ဖေဖေကသူ့ကိုပြောသည်။

"ဟုတ်ကဲ့ဗျ တွေ့ရတာ ဝမ်းသာပါတယ် ဉီးဇွဲခန့်သစ်ခင်ဗျ သားက သက်ပြုံးဝေပါခင်ဗျ!"

မဝံ့မရဲလေးပြောလိုက်တော့ ထိုလူကြီးက ခေါင်းလေးငြိမ့်ပြလာပြီး

"အင်း မင်းသက်! မင်းမှာ သားအချောလေးရှိတာကို ဝှက်ထားတယ်ပေါ့!"

"ဟား ဟား! ငါ့သားက လူနည်းနည်းကြောက်တတ်လို့ပါကွာ!! အမှန်ဆိုမင်းလိုရုပ်တည်ကြီးနဲ့ကောင်ကို ငါအကူအညီမတောင်းပါဘူး ဟိုကောင်တွေက အိမ်ထောင်ကိုယ်စီနဲ့မလို့သာ ငါတို့အုပ်စုထဲ လူလွတ်ဆိုလို့လည်း မင်းပဲရှိတာမလို့ကွ!! "

"ဘာ! ဒီကောင်နွား!! ငါထပြန်သွားလိုက်ရ!"

"ဟားးး ဟားးး စတာပါကွာ စကြည့်တာ"

ဖေဖေ့သူငယ်ချင်း [Complete]Opowieści tętniące życiem. Odkryj je teraz