ပြီးတာနဲ့သန့်စင်ခန်းထဲဝင်သွားပြီး ခဏကြာတော့ ကြမ်းတိုက်တုတ်တံကိုကိုင်လို့ထွက်လာတယ်။
ကြမ်းမတိုက်ခင် ရှောင်းကျန့်က သူ့ရဲ့အပေါ်ကုတ်အရှည်ကြီးကို ချွတ်လို့ အနားကဆိုဖာပေါ်တင်လိုက်တယ်။
ကိုယ်ပေါ်က ရှပ်လက်ရှည်အညိုလေးရဲ့ လက်အနားတွေကိုတော့ တံတောင်ဆစ်နားထိ ခေါက်တင်လိုက်တယ်။
ဖြူနုနေတဲ့အသားပေါ်ကနေ ခပ်စိမ်းစိမ်းသွေးကြောလေးတွေကို ခပ်ပါးပါးလေးမြင်နေရတယ်။
ရုတ်တရက်ရှောင်းကျန့်က သူ့ကိုလှည့်ပြီး ရယ်ပြတယ်။
ဒီတစ်ခါတော့သူ မျက်နှာမလွှဲမိတော့ဘူး။
သူ့နှလုံးသားနက်နက်ထဲက အပေါ်ယံအမုန်းတွေဟာ တစ်လွှာခြင်းကွာကျပြီး အေးချမ်းသွားသလိုပဲ။
တစ်ခဏအတွင်းမှာပဲ ရိပေါ်က အမှန်တရားတစ်ခုကိုရှာတွေ့သွားတယ်။
ရှောင်းကျန့်ဆီကနေ မလွှတ်မြောက်ချင်ဘူး။
ရှောင်းကျန့်ကိုလည်း လက် မလွှတ်ပေးနိုင်ဘူး။
ရှောင်းကျန့်ဆီမှာသာ တစ်ခုခုကြီးကြီးမားမားဖြစ်နေခဲ့ရင်ဆိုတဲ့ ပူပန်စိတ်ဟာ ရိပေါ်နှလုံးတစ်ခုလုံးကို အချက်ပေးလိုက်သလိုပဲ။
ဟင့်အင်း....နောင်တတွေနဲ့ မရှင်သန်ချင်ပါဘူး။
ဒီလူ့ရဲ့ အပြုံးတွေကို မြင်တွေ့နိုင်သေးတာကလည်း သူ့အတွက်ဆုလဒ်အကြီးကြီးပါပဲ။
ကျေးဇူးပြုပြီး မဆုံးရှုံးပါရစေနဲ့...
ဘယ်လောက်ပဲ ရှောင်းကျန့်ကို မတွေ့ချင်ပါဘူးဆိုဆို တကယ်တမ်း ဒီလူကိုသာ တစ်ဘဝလုံးစာမတွေ့ရတော့ရင် အပိုမဆိုဘူး...
ရူးတောင်ရူးနိုင်ပါရဲ့။
ရှောင်းကျန့်က သန့်ရှင်းရေးလုပ်နေတဲ့ တစ်လျှောက်လုံး မျက်လုံးထောင့်ကနေ ဝမ်ရိပေါ်ကို ခိုးခိုးကြည့်နေတာ။
ရိပေါ်က သူ့ကိုအကြည့်တစ်ချက် မလွှဲဘဲ ထိုင်ကြည့်နေတယ်။
ဘာလို့လဲ.....
အာ....ဟုတ်သား
မနက်စာ....
ရှောင်းကျန့်က သန့်ရှင်းရေးကို မြန်မြန်လက်စသတ်လိုက်ပြီး ခေါက်တင်ထားတဲ့ ရှပ်လက်ရှည်အနားကို ပြန်ဖြည်လိုက်တယ်။
Part - 33
Start from the beginning
